
နယူးဒေလီ ဖေဖော်ဝါရီ ၉
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းပြည်နယ် အနောက်ဘန်ဂေါပြည်နယ်၏ မြစ် တစ်ခုအတွင်း လှေတစ်စင်းတိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် ငါးဦး ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြား သည်။ ဟောင်းရာ့ခရိုင် ရပ်နာရာရန် မြစ်အတွင်း ဖေဖော်ဝါရီ ၈ ရက် ညက လူ ၁၉ ဦးတင်ဆောင်လာသည့်လှေတစ်စင်း တိမ်းမှောက်သွားခဲ့ ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
လှေပေါ်တွင် လိုက်ပါလာသည့်လူများမှာ ပတ်ချင်မက်ဒီနီပူ ခရိုင် ရှိ ထရိုင်ဘီနီပန်းခြံသို့ ပျော်ပွဲစားထွက်ရန်သွားပြီး အပြန်တွင် မြစ် အလယ်၌ လှေတိမ်းမှောက်သွားကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ဖေဖော်ဝါရီ ၈ ရက်ညက မြစ်အတွင်း လူများတင်ဆောင်လာ သည့် လှေတစ်စင်းတိမ်းမှောက်သည့် သတင်းရရှိခဲ့ပြီးနောက် လှေ တိမ်းမှောက်ရာနေရာသို့ အခြားလှေများကို စေလွှတ်ခဲ့ကြောင်း၊ ၁၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ရှာဖွေမှုများလုပ်ဆောင်ခဲ့သော်လည်း ငါးဦးကို မတွေ့ရှိသေးကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် အခင်းဖြစ်ပွား ရာနေရာသို့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ထမ်းများကို အာဏာပိုင်များက စေလွှတ်ခဲ့သည်။
ဆင်ဟွာ