အိန္ဒိယနိုင်ငံ အက်ထရာခန်ပြည်နယ်၌ ရုတ်တရက် ရေကြီးမှုကြောင့် ၁၂ ဦး ပျောက်ဆုံးနေ

 

နယူးဒေလီ  ဩဂုတ်  ၄
အိန္ဒိယနိုင်ငံမြောက်ပိုင်း     အက် ထရာခန်ပြည်နယ်တွင်    ရေကြီး မြေပြိုမှုများဖြစ်ပွားခဲ့ပြီး   အနည်း ဆုံး   လူ  ၁၂  ဦး  ပျောက်ဆုံးနေ ကြောင်း တာဝန်ရှိသူများက ဩဂုတ် ၄ ရက်တွင် ပြောကြားသည်။
အက်ထရာခန်          ပြည်နယ် မြို့တော်   ဒေ့ရာဒွန်း၏    အရှေ့ မြောက်ဘက်   ၂၄၅   ကီလိုမီတာ အကွာ ရူဒရာပရာယဂ်ခရိုင်ရှိ ဂေါ်ရီ ခွန်းအနီးတွင်     ယမန်နေ့ညက  ဈေးဆိုင်အများအပြား  ရေနောက်    မျောပါသွားခဲ့ကြောင်း    တာဝန် ရှိသူများက ပြောကြားသည်။ 
ဩဂုတ် ၃ ရက် ညက ဂေါ်ရီ ခွန်းအနီး ကျောက်တုံးများ ပြိုကျ ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်း မှုတို့ကြောင့် ဆိုင်သုံးဆိုင်ထိခိုက် ပြီး    ၁၂     ဦးခန့်      ပျောက်ဆုံးနေ ကြောင်း၊       ကယ်ဆယ်ရေးအဖွဲ့ များ ချက်ချင်းရောက်ရှိပြီး   ကူညီ ကယ်ဆယ်ရေး      လုပ်ငန်းများ လုပ်ဆောင်ခဲ့သော်လည်း   ယခု အချိန်အထိ     ပျောက်ဆုံးသူများကို    ရှာမတွေ့သေးကြောင်း     သဘာဝ ဘေးအန္တရာယ်      စီမံခန့်ခွဲရေး အရာရှိ ဒါလစ်ပ်ဆင်း ရာဂျ်ဝါက ပြောကြားသည်။
မိုးသည်းထန်စွာ    ရွာသွန်းမှု ကြောင့်  အနီးနားရှိ တောင်ကုန်း များမှ မြေကြီးများနှင့်  ကျောက် တုံးများ ဆက်တိုက်ပြိုကျနေခြင်း ကြောင့် ကယ်ဆယ်ရေးလုပ်ငန်း များ      အနှောင့်အယှက်ဖြစ်နေ ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။   ဆင်ဟွာ