
ရန်ကုန် မေ ၂၁
မတ်ပဲဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းမှုများ ဆက်တိုက်ဖြစ်ပေါ် နေပြီး ဈေးမြင့်နှုန်းဖြင့် ဝယ်ယူထားသည့် ကုန်သည်များ စိုးရိမ်ပူပန်မှုရှိ နေကြောင်းသိရသည်။ မေလဆန်းမှစတင်၍ ဈေးနှုန်းအကျဘက် ဦးတည်လာသည့် မတ်ပဲသည် ယခုသီတင်းပတ်အတွင်း တစ်တန်လျှင် ကျပ်အထိ ဈေးနှုန်းကျဆင်းလာနေသည်။
ပြည်တွင်းငွေကြေးလဲလှယ်နှုန်းများ ကန့်သတ်မှုကြောင့် ပဲဝယ်လိုအားကျဆင်းသွားကာ ပြည်ပပို့ကုန်များမှာလည်း အမှာ ရှိသရွေ့သာ အရောင်းအဝယ်ဖြစ်နေပြီး လိုအပ်မှသာ အရောင်း အဝယ်ပြုလုပ်ကြသည်ကိုလည်း မြင်တွေ့ရသည်။ လာမည့် သီတင်းပတ် အတွင်း မတ်ပဲဈေးများ ဆက်လက်ကျဆင်းလာနိုင်ပြီး ကျဆင်းလာနိုင် ခြေအနက် အိန္ဒိယငွေကြေးဈေး ကျဆင်းလာခြင်းသည်လည်း မတ်ပဲ ဈေးကို အဓိကထိခိုက်မှုရှိကြောင်း ကုန်သည်များထံမှ သိရသည်။
“ဈေးက လက်ရှိမှာတော့ ကျနေတယ်လို့ ပြောရင်ရပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်အတိုင်းရှိနေပြီး ဈေးနှုန်းက အတက် အကျရှိနေရာကနေ အခုတော့ အကျဘက်ဦးတည်နေတယ်။ ပြီးခဲ့တဲ့ အပတ်က တစ်တန်ကို ၁၄ သိန်းစွန်းစွန်းပဲ ဈေးပေါက်ပြီး အခုတော့ ၁၄ သိန်းအောက်ကို ကျဆင်းလာနေတယ်” ဟု မတ်ပဲရောင်းဝယ်သူ ကိုကျော်ကျော်လွင်က ဆိုသည်။
သီရိ