အိန္ဒိယ၌ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ဓာတ်ငွေ့အခြေခံသည့်ဓာတ်အားပေးစက်ရုံများ အသုံးပြုမည်

 

နယူးဒေလီ    ဧပြီ  ၁၃


အိန္ဒိယဖက်ဒရယ်    အစိုးရသည် ယခုနွေရာသီတွင် သာမန်ထက် ပိုပူပြင်းလာမည်ဟု   ခန့်မှန်းထား သောကြောင့်   ပိုမိုမြင့်မားသည့် လျှပ်စစ်ဓာတ်အား   လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်    ဓာတ်ငွေ့ အခြေခံသည့် ဓာတ်အားပေးစက်ရုံ များ   အသုံးပြုရန်    ဆုံးဖြတ်ခဲ့ ကြောင်း  အာဏာပိုင်များက  ဧပြီ ၁၃ ရက်တွင် ပြောကြားသည်။
ဓာတ်ငွေ့အခြေခံသည့်  ဓာတ် အားပေးစက်စခန်းများ၌    ဓာတ် အားအမြင့်ဆုံး   ထုတ်လုပ်နိုင်စေ ရန်  အစိုးရက  ဓာတ်ငွေ့အခြေခံ ဓာတ်အားပေးစက်  စခန်းများသို့ ညွှန်ကြားချက်များ ထုတ်ပြန်ထား သည်ဟု  အိန္ဒိယနိုင်ငံ၏  လျှပ်စစ် ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောကြားသည်၊။
အိန္ဒိယနိုင်ငံ၌ ဧပြီလမှ ဇွန်လ အတွင်း   အပူချိန်လွန်ကဲမည်ဟု ခန့်မှန်းထားသောကြောင့်  ပူပြင်း သည့်    နွေရာသီကာလများ၌ လျှပ်စစ်ဓာတ်အား လိုအပ်ချက် များ  တိုးလာနိုင်ကြောင်း    သိရ သည်။
စီးပွားရေး   တိုးမြင့်လာမှုနှင့် ရာသီဥတုပူပြင်းလာမှုတို့ကြောင့် အိန္ဒိယနိုင်ငံ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ    လျင်မြန်စွာ တိုးလာကြောင်း၊ ၂၀၂၄ ခုနှစ်တွင် နိုင်ငံအများအစု၌    ပုံမှန်ထက် အပူချိန်    အမြင့်မားဆုံးဖြစ်နိုင်သည် ဟု အိန္ဒိယမိုးလေဝသဌာန    (အိုင် အမ်ဒီ) က  ခန့်မှန်းထားကြောင်း ဝန်ကြီးဌာနက ပြောကြားသည်။ 

ဆင်ဟွာ