အိန္ဒိယ၌ အိုမီခရွန်ကူးစက်ဖြစ်ပွားသူပေါင်း ၄၀၃၃ ဦးအထိရှိလာ

 

 

နယူးဒေလီ   ဇန်နဝါရီ   ၁၀
အိန္ဒိယနိုင်ငံတွင်   လွန်ခဲ့သော   ၂၄    နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၇၉၇၂၃ ဦး ရှိလာသောကြောင့် ဇန်နဝါရီ ၁၀ ရက်တွင် ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူပေါင်း   ၃၅၇၀၇၇၂၇     ဦးအထိ ရှိလာခဲ့ကြောင်း      ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်လိုက်သော အချက်အလက် များတွင် ဖော်ပြထားသည်။ 
နိုင်ငံအတွင်း  ကိုဗစ်-၁၉    ကူးစက်ဖြစ်ပွားသူ တစ်သိန်းအထက်ရောက်ရှိလာသည်မှာ လေးရက် မြောက်နေ့ရှိပြီဖြစ်သည်။ ကိုဗစ်-၁၉ ကြောင့် ထပ်မံ သေဆုံးသူ   ၁၄၆    ဦးရှိလာမှုနှင့်အတူ    စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၈၃၉၃၆ ဦးအထိ ရောက်ရှိလာခဲ့သည်။ 
တစ်နေ့တည်း  ကိုဗစ်-၁၉    ကူးစက်ဖြစ်ပွားသူ ရုတ်တရက်    မြင့်တက်ခဲ့ခြင်းဖြစ်သည်။       အိန္ဒိယ နိုင်ငံတွင် လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား လျက်ရှိသူ ၇၂၃၆၁၉ ဦးရှိပြီး လွန်ခဲ့သော ၂၄ နာရီ အတွင်း ၁၃၃၀၀၈ ဦး မြင့်တက်လာခဲ့သည်။ 
လွန်ခဲ့သော ၂၄ နာရီက ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုမှ ပျောက်ကင်းသွားပြီး ဆေးရုံမှ ဆင်းလာသူ ၄၆၅၆၉ ဦးအပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ ကင်းစင် သွားသူ ၃၄၅၀၀၁၇၂ ဦးရှိလာပြီဖြစ်သည်။ အိန္ဒိယ နိုင်ငံတွင်    အိုမီခရွန်     ကူးစက်ဖြစ်ပွားသူပေါင်းမှာ ၄၀၃၃ ဦးအထိရှိလာပြီ ဖြစ်သည်။ 
 ဆင်ဟွာ