
ဆန်ကွဲများ တင်ပို့မှုကို ပိတ်ပင် ခြင်းနှင့် ဘာစမာတီမဟုတ်သည့် ဆန်ဖြူများ တင်ပို့မှုအတွက် အခွန်(၂၀ ရာခိုင်နှုန်း) ကောက်ခံ သည့် ဆန်မူဝါဒအသစ်ကို အိန္ဒိယ အစိုးရက ယခုနှစ် စက်တင်ဘာ ၉ ရက်ကတည်းက ချမှတ်ခဲ့သည်။ ယင်းမူဝါဒကြောင့် အိန္ဒိယနိုင်ငံမှ ဆန်တင်ပို့မှုသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တန်ချိန် လေး သန်းမှ ငါးသန်းအထိ ကျဆင်း နိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူ များက ခန့်မှန်းကြောင်း သိရ သည်။ အိန္ဒိယနိုင်ငံသည် ယခင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကမ္ဘာ့ဆန်တင်ပို့မှု စျေးကွက် တွင် (၄၀ ရာခိုင်နှုန်း) အထိ စျေးကွက်ဝေစု ရရှိခဲ့သည်။ ၎င်းအပြင် ဆန်မူဝါဒအသစ်သည် ဆန်ထုတ်လုပ်မှုကို တန်ချိန် ၁၇ ဒသမ ၈ သန်းခန့် လျော့နည်း နိုင်ကြောင်းကိုလည်း အိန္ဒိယ နိုင်ငံ ဆန်တင်ပို့သူများအသင်း ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရသည်။
ဤဆန်မူဝါဒ အသစ်သည် ဆန်ဖြူများ၏ စျေးနှုန်းကို အာရှ တိုက်ရှိ ယှဉ်ပြိုင်ဘက်နိုင်ငံများ၏ စျေးနှုန်းများအတိုင်း မြင့်တက် လာစေရန် ရည်ရွယ်ကြောင်းကို အိန္ဒိယနိုင်ငံ ဆန်တင်ပို့သူများ အသင်းဥက္ကဋ္ဌက ပြောကြားသကဲ့ သို့၊ အိန္ဒိယနိုင်ငံ အစားအသောက် ဝန်ကြီးက ပြည်ပသို့ ဆန်တင်ပို့မှု များပြားလာခြင်းသည် ပြည်တွင်း မွေးမြူရေး လုပ်ငန်းများအတွက် တိရစ္ဆာန်ကျွေးမွေးမှုနှင့် အရက် ပြန် ထုတ်လုပ်မှုများအတွက် လည်း ထိခိုက်နိုင်စေသည့် အတွက်ဖြစ်ကြောင်း ပြောကြား ကြောင်းသိရသည်။
ဤဆန်မူဝါဒအသစ်ကြောင့် ဖြစ်ပေါ်လာမည့် ကမ္ဘာ့ဆန် စျေးနှုန်းများ အခြေအနေကို ထိုင်း နိုင်ငံ ဆန်တင်ပို့သူများအသင်း နှင့် ဗီယက်နမ်နိုင်ငံ အစား အသောက်အသင်းမှလည်း စောင့် ကြည့်နေကြပြီး၊ ကမ္ဘာ့ဆန် စျေးနှုန်းမှာ မြင့်တက်လာနိုင်ဖွယ် ရှိကြောင်း ၎င်းတို့က ခန့်မှန်း ပြောကြားကြောင်း သိရသည်။