အိန္ဒိယ၏ ဒုတိယမြောက် အမျိုးသမီးသမ္မတအဖြစ် တိုင်းရင်းသားလူမျိုးစုအသိုင်းအဝိုင်းမှ ဒရူပါဒီမာမူရ်ကို ရွေးကောက်တင်မြှောက်

 

နယူးဒေလီ ဇူလိုင် ၂၂ 


အိန္ဒိယနိုင်ငံ ဥပဒေပြုသူများက အိန္ဒိယ၏ ဒုတိယမြောက် အမျိုးသမီးသမ္မတအဖြစ်  တိုင်းရင်းသားလူမျိုးစု   အသိုင်း အဝိုင်းမှ ဒရူပါဒီမာမူရ်ကို ရွေးကောက်တင်မြှောက်ခဲ့သည်။ 

 


အတိုက်အခံပါတီ၏  ရွေးကောက်ပွဲဝင်  ကိုယ်စားလှယ် လောင်းတစ်ဦးကို အနိုင်ရခြင်းဖြင့် ဒရူပါဒီမာမူရ်သည် သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြောင်း အရာရှိများက ဇူလိုင် ၂၁ ရက်က ကြေညာခဲ့သည်။  တနင်္လာနေ့က   ပြည်ထောင်စုနှင့် ပြည်နယ်ဥပဒေပြုသူ ပေါင်း ၄၈၀၀ ခန့်က မဲပေးခဲ့ကြပြီး  အဆိုပါမဲများကို ဇူလိုင် ၂၁ ရက်က ရေတွက်ခဲ့သည်။ 

 


ဝန်ကြီးချုပ်  နာရန်ဒရာမိုဒီ  ဦးဆောင်သော အာဏာရ ဘာရာ တီယာ ဂျာနာတာပါတီက မာမူရ်ကို ထောက်ခံခဲ့သည်။ ၂၀၀၇ ခုနှစ်က သမ္မတအဖြစ်    ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသော ပရာတီဘာပါတီလ် ပြီးနောက် သူမသည် အိန္ဒိယ နိုင်ငံ၏   ဒုတိယမြောက်    အမျိုးသမီးသမ္မတ  ဖြစ်လာခဲ့ သည်။ 

 


မာမူရ်သည် အသက် ၆၄ နှစ်ရှိပြီဖြစ်ပြီး ဂျာခက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်သည်။  သူသည်   သြဒိဿ ပြည်နယ်၏  တိုင်းရင်းသားလူမျိုးစုမှဖြစ်သည်။   အိန္ဒိယသမ္မတ နေရာသည် နိုင်ငံ၏ဦးဆောင်မှုကဏ္ဍ၌   အဓိက အခန်းကဏ္ဍ တစ်ခုအဖြစ် ပါဝင်သည်။                                                          

အင်န်အိတ်ချ်ကေ