
နယူးဒေလီ ဇန်နဝါရီ ၂၈
အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဂျာ့ခ်ဟန်း ပြည်နယ်၌ ဇန်နဝါရီ ၂၈ ရက်က ပုဂ္ဂလိလကဆေးရုံ တစ်ရုံ မီးလောင်မှုဖြစ်ပွားကာ လူငါးဦး ထက် မနည်းသေဆုံးခဲ့သည်ဟု ဒေသခံရဲများက ဖုန်းဖြင့် ပြောကြားခဲ့သည်။
ဟာဇရာဆေးရုံ ဒုတိယ အထပ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံး သူများထဲတွင် ဆေးရုံပိုင်ရှင် ဆရာဝန်နှင့် ဇနီးဖြစ်သူ၊ အစေခံ တစ်ဦးနှင့် ဆွေမျိုးနှစ်ဦးတို့ ပါဝင် ကြသည်။
နံနက် ၂နာရီ ဝန်းကျင်တွင် ဆေးရုံ၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အသက်ရှူကျပ်ခြင်း ကြောင့် သေဆုံးကြခြင်းဖြစ် ကြောင်း ရဲက ပြောသည်။ ဆေးရုံ မှ ကိုးဦးကို ကယ်တင်နိုင်ခဲ့ပြီး နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေး နိုင်ခဲ့သည်။
၎င်းတို့ထဲမှ ငါးဦးမှာ စိုးရိမ်ရ သည့် အခြေအနေတွင် ရှိသည်။ ဆေးရုံအတွင်း မီးခိုးငွေ့များ ရှိနေပြီး ယင်းမီးခိုးငွေ့များကြောင့် သေဆုံးမှုများ ဖြစ်ပေါ်ရခြင်း ဖြစ်သည်။ မီးလောင်ရသည့် အကြောင်းရင်း အတိအကျကိုမူ မသိရသေးချေ။ ဆင်ဟွာ