
နေပြည်တော် ဧပြီ ၂၂
အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့အဖြစ် လှူဒါန်း သည့် ဆန်နှင့်ဂျုံ တန်ချိန်၂၇၀၀ ကို မြန်မာ့စက်မှုဆိပ်ကမ်းနှင့် အေးရှားဝေါလ် ဆိပ်ကမ်းတို့မှ ကွန်တိန်နာများဖြင့် သယ်ယူ ပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ဆိပ်ကမ်း သာလမ်း စက်မှုဇုန် (၆) သိုလှောင် ရုံသို့ပို့ဆောင်ကာ လှိုင်သာယာ မြို့နယ်အရှေ့ပိုင်းနှင့် အနောက် ပိုင်း မြို့နယ်များအတွက် ယာယီစုပုံထားရှိ၍ ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေး နိုင်ရေးအတွက် ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှု များကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ က သွားရောက်ကြည့်ရှု၍ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သတင်း ရရှိသည်။
သတင်းစဉ်