အိန္ဒိယအစိုးရက လှူဒါန်းသည့် ဆန်နှင့် ဂျုံများကို သိုလှောင်ရုံများအတွင်းစနစ်တကျထားရှိ

 

နေပြည်တော်   ဧပြီ   ၂၁


အိန္ဒိယအစိုးရက   မြန်မာနိုင်ငံသို့   လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ်  လှူဒါန်း သည့်      ဆန်နှင့်ဂျုံများကို  ရန်ကုန်တိုင်းဒေသကြီး  မင်္ဂလာ တောင်ညွန့်မြို့နယ်     စက်ဆန်း ရပ်ကွက်ရှိ     သိုလှောင်ရုံများ အတွင်း၌   စနစ်တကျထားရှိ၍  ပြည်သူများ၏ လက်ဝယ်အရောက်   ဖြန့်ဝေပေးနိုင်ရေးအတွက်  ဆောင် ရွက်ပေးလျက်ရှိသည်။

 


ထိုသို့   ဆောင်ရွက်ပေးနေမှု များကို     ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်     တိုင်းစစ်ဌာနချုပ်  တိုင်းမှူးဗိုလ်ချုပ်   ညွန့်ဝင်းဆွေ နှင့်  တာဝန်ရှိသူများက  သွား ရောက်ကြည့်ရှု၍  လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                               
သတင်းစဉ်