အိန္ဒိယ နိုင်ငံတကာစစ်လက်နက်ပစ္စည်းပြပွဲတွင် ပြည်တွင်းထုတ်စစ်လက်နက်ပစ္စည်းများကို ဦးစားပေးပြသ

 

နယူးဒေလီ အောက်တိုဘာ ၁၈ 


အိန္ဒိယနိုင်ငံသည်    နိုင်ငံတကာ စစ်လက်နက်ပစ္စည်း      ပြပွဲကို ခင်းကျင်း        ပြသလျက်ရှိသည်။ ယခုနှစ်တွင်      ပြည်တွင်းထုတ် စစ်လေယာဉ်များနှင့်     သံချပ် ကာယာဉ်များကို         ဦးစားပေး  ပြသထားသည်။ 

 


ဝန်ကြီးချုပ်     နာရိန်ဒြာမိုဒီ အစိုးရ၏    “အိန္ဒိယတွင်  ပြုလုပ် သည် (Made  in  India)”  ဟု ခေါ်သည့်   မူဝါဒသည်  ပြည်တွင်း လုပ်စစ်ဘက်ဆိုင်ရာ ကိရိယာများ ထုတ်လုပ်မှုကို      မြှင့်တင်ပေး သည်။   ထို့ကြောင့်     ယခုနှစ်ပြပွဲ၌   ပြည်တွင်းထုတ်    စစ်လက်နက် ပစ္စည်းများကို ဦးစားပေးပြသထား ခြင်းဖြစ်သည်။ 

 


ငါးရက်ကြာ စစ်လက်နက်ပြပွဲ ကို အိန္ဒိယနိုင်ငံ ဂူဂျာရက်ပြည်နယ် ၌ အောက်တိုဘာ ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့သည်။    အဆိုပါပြပွဲ၌ အိန္ဒိယနှင့်       ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီပေါင်း   ၁၃၀၀  ဝင်ရောက် ပြသခဲ့သည်။ 

 


ပြပွဲတွင် ဆွဲဆောင်မှုအရှိဆုံး ခင်းကျင်းပြသမှုမှာ အိန္ဒိယနိုင်ငံ လုပ်    အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြစ်ပြီး   ယခုလတွင် အိန္ဒိယလေတပ်တွင် စတင်အသုံး ပြုမည်ဖြစ်သည်။ 

 


ဆွီဒင်သုတေသန အင်စတီကျု့ အရ   လွန်ခဲ့သော  နှစ်ပေါင်း  ၂၀ အတွင်းအိန္ဒိယနိုင်ငံသို့ တင်သွင်း သော        စက်လက်နက်ပစ္စည်း အားလုံး၏  ၆၇   ရာခိုင်နှုန်းမှာ ရုရှားလုပ်များဖြစ်ကြသည်။ 
အိန္ဒိယသည် ပြည်တွင်းထုတ် စစ်လက်နက်များကို ပိုမိုတိုးတက် ထုတ်လုပ်သွားမည်ဖြစ်သည်။ 


အင်န်အိတ်ချ်ကေ