
နေပြည်တော် နိုဝင်ဘာ ၂၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့ တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများကို ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ(မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ် နည်းသင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှ ပြင်သင်တန်း စသည့်သင်တန်းများကို ဘဏ္ဍာနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ် ရှစ်ခု၊ အပတ်စဉ်တစ်ခုလျှင် ခြောက်ပတ်ကြာ သင်ကြားပေးလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း အထူး သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
အဆိုပါ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း သင်တန်းအပတ်စဉ်(၆/၂၀၂၂)ကို ၂၈-၁၁-၂၀၂၂ ရက်မှ ၆-၁-၂၀၂၃ ရက်အထိ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ရာ တက်ရောက်လိုသော သင်တန်းသား(အမျိုးသမီး/ အမျိုးသား) များအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ အောက်ပါအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း၍ တက်ရောက်နိုင်ကြောင်း လူမှု ဝန်ထမ်းဦးစီးဌာနက အသိပေးဖော်ပြထားပါသည်-
- အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း (ရန်ကုန်)
အမှတ်-(၁၃၅)ဓမ္မစေတီလမ်း ဗဟန်းမြို့နယ် ဖုန်း ၀၉-၄၂၇ ၉၀၀၀၄၆
- အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း (မန္တလေး)
အမှတ်-(၁၆၉) ၈၃လမ်း ၂၅ x၂၆လမ်းကြား အောင်မြေသာဇံ မြို့နယ်၊ စစ်ကိုင်းတန်းရပ် မန္တလေးမြို့ ဖုန်း ၀၂-၄၀၃၆၇၉၈
- အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း (မော်လမြိုင်)
ရွှေတောင်ရပ် အထက်လမ်းမကြီးဘေး မော်လမြိုင်မြို့ ဖုန်း ၀၅၇-၂၀၂၇၁၆၆
- အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း (တောင်ငူ)
အမှတ် (၁၈)ရပ်ကွက် စည်သူလမ်း ဘူတာအနီး တောင်ငူမြို့
ဖုန်း၀၅၄-၂၃၅၇၁
- အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (မြစ်ကြီးနား)
အမှတ်(၉၂) ရှမ်းစုမြောက်ရပ်ကွက် မြစ်ကြီးနားမြို့ ဖုန်း ၀၇၄-၂၅၂၂၅၅၈
- အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း(ဖျာပုံ)ကျုံကူ ကျေးရွာ ဖျာပုံ - ဘိုကလေးကားလမ်းဘေး ဖျာပုံမြို့ ဖုန်း ၀၉-၄၅၅၇၈၈၀၂၁
- အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း (ပုသိမ်)
အမှတ်-(၂) ရပ်ကွက် မင်းကြီးလမ်း ပုသိမ်မြို့ ဖုန်း ၀၄၂-၂၅၃၇၃၊ ၀၄၂-၂၁၀၇၃
- အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း (စစ်တွေ)
မေယုလမ်း (လေယာဉ်ကွင်းအနီး) မန်ကျည်းမြိုင်ရပ်ကွက်
စစ်တွေမြို့ ဖုန်း ၀၄၃- ၂၂၀၆၇
- အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း (ရွာငံ)
အမှတ်-(၈၂)အင်းကုန်းငါးဆူကျေးရွာအုပ်စု အင်းကုန်းကျေးရွာ ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့ ဖုန်း ၀၉- ၇၈၁၁၁၆၂၇၂
- အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ထားဝယ်)
အကွက်အမှတ် (၂၄) ဆန်ချီအနောက်ကွင်း ထားဝယ်မြို့
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဖုန်း ၀၅၉-၂၀၂၄၀၀၉
သတင်းစဉ်