အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများတွင် ကျောင်းအခြေပြုသင်တန်း အပတ်စဉ်(၁/၂၀၂၃) ဖွင့်လှစ်၍ သက်မွေးပညာရပ်များသင်ကြားလျက်ရှိ

 

နေပြည်တော်  ဇွန်    ၈


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည်  ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊  ပုသိမ်၊  တောင်ငူ၊  မြစ်ကြီးနား၊  ဖျာပုံ၊   စစ်တွေ၊    ရွာငံနှင့်   ထားဝယ်မြို့တို့၌ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်ကျောင်းများ  ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ၊ လက်မှုသင်တန်း၊   မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊   အစား အစာ ချက်ပြုတ်နည်းသင်တန်းနှင့်  ပန်းအလှပြင်သင်တန်း စသည့်သင်တန်းများကို ဘဏ္ဍာနှစ်တစ်နှစ်လျှင် သင်တန်း အပတ်စဉ်ရှစ်ခုဖွင့်လှစ်၍ သင်ကြားပေးလျက်ရှိသည့်အပြင် ရန်ကုန်၊  မန္တလေး၊  မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း  အထူးသင်တန်းများ  ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။ 

 


 အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း  ၁၀ ကျောင်း၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သင်တန်းအပတ်စဉ် (၁/ ၂၀၂၃) ကျောင်း အခြေပြုသင်တန်းကို မေ ၂ ရက်မှ ဇွန် ၉ ရက်အထိ ဖွင့်လှစ်လျက်ရှိရာ သင်တန်းသား  သင်တန်းသူ ၄၀၈ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။  

 

သတင်းစဉ်