အိမ်တွင်းမှုပညာရပ်များကို အသုံးချပြီး တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများနှင့် ဒေသအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ပေးစေလို

 

နေပြည်တော်   အောက်တိုဘာ   ၂၅


ပြည်နယ်အတွင်း    လူငယ်သင်တန်းကျောင်းများ၊  အမျိုးသမီးအိမ်တွင်းမှု    သက်မွေးပညာသင်တန်း ကျောင်းများကို ဖွင့်လှစ်ပေးလျက်ရှိပြီး သင်တန်းသူ များသည် အသိပညာ၊ အတတ်ပညာများ ပြည့်ဝသူ များဖြစ်အောင် အစဉ်ကြိုးစား၍ အိမ်တွင်းမှုပညာ ရပ်များကို အသုံးချကာ တစ်ပိုင်တစ်နိုင် စီးပွားရေး  လုပ်ငန်းများနှင့်   ဒေသအကျိုးပြု  လုပ်ငန်းများကို ဆောင်ရွက်ပေးရန်လိုကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ပြောကြားသည်။

 


မုဒုံမြို့နယ်၊    ကွမ်တာ​ကျေးရွာရှိ    အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၌  ယ​နေ့နံနက်ပိုင်းတွင်    ပြုလုပ်သည့်    အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၅) နှင့် မွန်ရိုးရာ လက်ရက်ကန်း သင်တန်းအမှတ်စဉ် (၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ထိုသို့ ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

 


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က  တိုင်းရင်း သူများအတွက် အိမ်တွင်းမှုသက်​မွေးပညာရပ်များကို  တတ်​မြောက်သည်အထိ    လေ့ကျင့်သင်ကြား​ပေး လျက်ရှိကြောင်း၊ ကိုယ်ပိုင်စီးပွား​ရေးလုပ်ငန်းများ  ထူ​ထောင်နိုင်ရန် ပံ့ပိုး​ပေးလျက်ရှိကြောင်း၊  အပ်ချုပ် စက်များ  အရစ်ကျစနစ်ဖြင့်   ရောင်းချပေးလျက်ရှိ  ကြောင်း၊ မြန်မာနိုင်ငံ  အထည်ချုပ်လုပ်ငန်းရှင်များ   အသင်းနှင့် ညှိနှိုင်း၍  အထည်ချုပ်စက်ရုံများတွင်  အလုပ်အကိုင်များ  ရရှိရေးအတွက်  စီစဉ်ဆောင်ရွက်​ ပေးလျက်ရှိကြောင်း ပြောကြားသည်။

 


ထို့နောက် ကျောင်းအုပ်ဆရာမကြီးက သင်တန်း​ ကျောင်း   ကျောင်းဆိုင်ရာ  အချက်အလက်များနှင့် ​သင်တန်းဖွင့်လှစ်​         သင်ကြားမှုအ​ခြေအ​နေနှင့် စပ်လျဉ်း၍   ရှင်းလင်းတင်ပြရာ   ပြည်နယ်ဝန်ကြီး ချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်​ပေးပြီး   သင်တန်းသူများအား     ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 


ဆက်လက်၍      ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့    ပြည်နယ်ကြက်ခြေနီ    ကြီးကြပ်မှု ကော်မတီရုံး၌   ပြုလုပ်သည့်   ကြက်ခြေနီအသင်း  Emergency Medical Responder – Ambulance  Training   ဖွင့်ပွဲအခမ်းအနားသို့  တက်ရောက်ပြီး ကြက်​ခြေနီ ​ မောင်၊  မယ်များအ​နေဖြင့် သင်တန်းမှ ပို့ချသည့်  ဘာသာရပ်များကို  လေ့လာမှတ်သားပြီး ပြန်လည်အသုံးချခြင်းဖြင့် ပြည်သူများ၏ ကျန်းမာ ရေး စောင့်ရှောက်မှုများကို အကောင်းဆုံး​ ဆောင် ရွက်ပေးနိုင်မည်ဖြစ်​ကြောင်း၊ လူမှုကရုဏာလုပ်ငန်း များကို  ကျရာ​နေရာမှ စွမ်းစွမ်းတမံ ဆောင်ရွက်​ပေးကြစေလိုကြောင်း   မှာကြားပြီး   ကြက်​ခြေနီ အသင်း၏ ​    လုပ်ငန်း​ဆောင်ရွက်မှု    ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။

 


အဆိုပါ သင်တန်းကို အောက်တိုဘာ ၂၅ ရက်မှ  ၂၈  ရက်အထိ   ဖွင့်လှစ်သွားမည်ဖြစ်ပြီး  မြို့နယ် ကြက်ခြေနီအသင်းခွဲအသီးသီးမှ  အရေးပေါ်လူနာ တင်ယာဉ်          လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်  ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက် ကြကြောင်း သိရသည်။                          

သတင်းစဉ်