အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)နှင့် နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄)ရှိ စာရင်းမှတ်တမ်းအချက်အလက်များကို နည်းပညာ၊ စက်ကိရိယာများအသုံးပြု၍ ကွန်ပျူတာအတွင်း ထည့်သွင်းဆောင်ရွက်ခြင်းကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိ

 

နေပြည်တော်    မေ    ၁၈


အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)နှင့် နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) ရှိ စာရင်းမှတ်တမ်း အချက်အလက်များကို  နည်းပညာ၊  စက်ကိရိယာများအသုံးပြု၍ ကွန်ပျူတာအတွင်း ထည့်သွင်းဆောင်ရွက်ခြင်းကို မိမိတို့ဌာနနှင့် ဆက်စပ်ဌာနများ၊ လုပ်အားပေးလူငယ်များ အင်အားဖြင့်  အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလုပ်ငန်းစဉ်အား သက်ဆိုင်ရာ ဒေသအာဏာပိုင် များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း  ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက  မေ ၁၆ ရက် နံနက်ပိုင်းက  ကျင်းပသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြောကြားခဲ့သည်။

 


အဆိုပါ     အစည်းအဝေးသို့ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့်  ဦးဌေးလှိုင်နှင့် ဒေါက်တာ မျိုးသန့်၊ ဌာနဆိုင်ရာ အရာရှိကြီးများ၊ တိုင်း ဒေသကြီး/ ပြည်နယ်  ဦးစီးမှူး များနှင့်  တာဝန်ရှိသူများ တက် ရောက်ကြသည်။ 

 


ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်း


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက   မိမိတို့ဌာနအနေဖြင့်  ဆန္ဒမဲပေး  ပိုင်ခွင့်ရှိသူ    အားလုံး နိုင်ငံသားကတ် ကိုင်ဆောင်မဲပေး နိုင်ရေးကို အဓိကထားဆောင်ရွက် လျက်ရှိကြောင်း၊ မဲစာရင်းမှန်ကန် ရေးအတွက်         နည်းပညာဖြင့် အချက်အလက်များ      ဖြည့်သွင်း ဆောင်ရွက်နေမှု     လုပ်ငန်းသည် လည်း အရေးကြီးပါကြောင်း၊ ယခု နည်းပညာဆိုင်ရာ ဆောင်ရွက်မှု များသည် မိမိတို့ဌာနမှ တာဝန်ယူ ဆောင်ရွက်မည့်   e-ID   စနစ် လုပ်ငန်းကိုလည်း          များစွာ အထောက်အကူဖြစ်စေပြီး ဆက် လက်   ဆောင်ရွက်မည့်    လုပ်ငန်း များအတွက်     အချက်အလက် မှန်ကန်စေရန်  ယခုကတည်းက စနစ်တကျဆောင်ရွက်ကြရန်လို ကြောင်း၊   ထို့ပြင်   ပြည်တွင်းသို့ အကြောင်း     အမျိုးမျိုးကြောင့်  ဝင်ရောက်လာသည့် နိုင်ငံခြားသား  များအား   စနစ်တကျ      ကြီးကြပ် ထိန်းသိမ်းရေး၊     ပြည်တွင်းနေ နိုင်ငံခြားသားများအား သတ်မှတ် အခွန်ဆောင်မှု            ရှိစေရေးတို့ အတွက် နည်းပညာများ အသုံးပြု ဆောင်ရွက်လျက်ရှိရာ     နယ်မြေ ဒေသအလိုက် နိုင်ငံခြားသားများ နှင့်    ပတ်သက်သည့်       အချက် အလက်များ     ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်း၍ သတ်မှတ်ချိန်အတွင်း ပြုစုပေးပို့ကြရန်လိုကြောင်း။

 


ယဉ်ကျေးပျူငှာစွာဆက်ဆံ


မိမိတို့    ဆောင်ရွက်လျက်ရှိ သည့် လုပ်ငန်းများသည် ပြည်သူ ကို       ဝန်ဆောင်မှု    ပေးရသည့် လုပ်ငန်းများ   ဖြစ်သည့်အတွက် လုပ်ငန်း       ဆောင်ရွက်မှုတိုင်း၌ ယဉ်ကျေးပျူငှာစွာ        ဆက်ဆံ ဆောင်ရွက်ကြရန်နှင့် ပြည်သူများ လိုက်ပါ ပူးပေါင်းဆောင်ရွက်နိုင် ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ရှင်းလင်းချပြ   အသိပေး  ဆောင် ရွက်ကြရန်လိုကြောင်း၊ တာဝန်ရှိ သူများအနေဖြင့် ဆောင်ရွက်ရမည့်  လုပ်ငန်း     အခြေအနေများကို ကိုယ်တိုင်သိရှိ  နားလည်သဘော ပေါက်ပြီး            လက်အောက်သို့ ကြီးကြပ်ကွပ်ကဲ၍     အချင်းချင်း အပြန်အလှန်ဆက်စပ်    ဆောင် ရွက်ပေးကြရန်        လိုကြောင်း၊ လုပ်ငန်းစဉ်       အောင်မြင်ရေး အတွက် ဒေသအာဏာပိုင်များ၏ ပံ့ပိုးကူညီမှုရရှိစေရန် လိုအပ်ချက် များကို   အချိန်မီ  တင်ပြကြရန် လည်းလိုကြောင်း       ပြောကြားသည်။

 


ဆွေးနွေးတင်ပြ


ထို့နောက်   တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက ပန်းခင်း စီမံချက်ကို      သတ်မှတ်ကာလ အတွင်း     လျာထားချက်ပြည့်မီ ပြီးစီးနိုင်ရေးအတွက်     ကြိုးပမ်း ဆောင်ရွက်နေမှုနှင့်    ဆက်လက်  ဆောင်ရွက်သွားမည့်   အစီအစဉ်၊  မဲစာရင်း     မှန်ကန်ရေးအတွက် ဆက်စပ်ဌာန    အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍   ဆောင်ရွက်နေမှု၊ နိုင်ငံသားကတ်  စစ်ဆေးဆောင် ရွက်နေမှု၊ နိုင်ငံခြားသားများ စနစ် တကျ      နေထိုင်သွားလာနိုင်ရေး အတွက် စစ်ဆေးကြပ်မတ် ဆောင် ရွက်နေမှု၊       တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရည်မှန်းချက် တာဝန်များ     အကောင်အထည်  ဖော်         ဆောင်ရွက်နေမှုနှင့်  လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ကိုလည်းကောင်း၊ ဦးစီးဌာနများမှ  ညွှန်ကြားရေးမှူးချုပ်      များက လုပ်ငန်းကဏ္ဍအလိုက်      လိုအပ် သည်များကို         လည်းကောင်း၊ ဒုတိယဝန်ကြီး    ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်တို့က     တိုင်း ဒေသကြီး/ ပြည်နယ်များအလိုက် လုပ်ငန်း     တစ်ခုချင်းအပေါ် အားနည်းချက်၊ အားသာချက်များ၊ စာရွက်စာတမ်းများနှင့် အချက် အလက်များ     လုံခြုံရေးအတွက် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း ကြရေး အခြေအနေများကို လည်း ကောင်း ဆွေးနွေးတင်ပြကြသည်။

 


တင်ပြချက်များအပေါ်  ပြည် ထောင်စုဝန်ကြီးက လိုအပ်သည် များ  ညှိနှိုင်းဖြည့်ဆည်း   ဆောင် ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်