အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆) မြေပြင်ကွင်းဆင်းစိစစ်ကောက်ယူခြင်းနှင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ပဲခူး   နိုဝင်ဘာ   ၃၀
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ   အစည်းအဝေး ခန်းမ၌ ယမန်နေ့က အိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆) မြေပြင် ကွင်းဆင်း စိစစ်ကောက်ယူခြင်း နှင့် မဲစာရင်းများမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်း    အစည်းအဝေး ကျင်းပသည်။ (ယာပုံ)
ရှေးဦးစွာ    တိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးမျိုးဆွေဝင်းက အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆)    မြေပြင်ကွင်းဆင်းစိစစ် ကောက်ယူခြင်းနှင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး လုပ်ငန်းစဉ်များ သည်    အလွန်အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သတ် မှတ်ကာလအတွင်း   အထွေထွေ ရွေးကောက်ပွဲ    အောင်မြင်စွာ ကျင်းပနိုင်ရေး ခရိုင်/မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့များ     အနေဖြင့် အမျိုးသားရေး  တာဝန်တစ်ရပ် အဖြစ် ခံယူဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မြို့နယ်အလိုက် မဲရုံ စာရင်းများ   ပြုစုခြင်းကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်းနှင့် ပြီးပြည့်စုံ သည့် လုံခြုံရေးစီမံချက်များလည်း ရေးဆွဲထားရမည်  ဖြစ်ကြောင်း၊ မြေပြင်စာရင်း   ကောက်ယူရေး အဖွဲ့များအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့်   စနစ်တကျ စုဖွဲ့ဆောင်ရွက်ကြရန်  မှာကြား သည်။ 
ထို့နောက်        ပဲခူးတိုင်း ဒေသကြီး    လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက မြို့နယ်အလိုက် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆)ရှိပြီး မြေပြင်တွင် နေထိုင် မှုမရှိသူများ စိစစ်ခြင်း၊  သေဆုံး သူများ   ပယ်ဖျက်ခြင်း၊   အခြား မြို့နယ်၏ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ   (၆၆/၆) ဖြင့်  နေထိုင် ခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) မရှိဘဲ  မြေပြင်တွင် နေထိုင်သူများ စိစစ်ခြင်း၊ မွေးဖွား သည့်   ရက်/လ  ထပ်နေသူများ စာရင်းစိစစ်ခြင်း၊   မွေးသက္ကရာဇ် မပါသူများ/မပြည့်စုံသူများ စိစစ် ခြင်း၊ နိုင်ငံသားကတ်(၂)ကြိမ်/(၃)ကြိမ် ထပ်နေသူများ စိစစ်ခြင်းနှင့် အသက် ၁၈  နှစ်အထက်၊  ၁၈ အောက်  နိုင်ငံသားကတ်မရှိသူ များ   စိစစ်ခြင်းလုပ်ငန်းဆိုင်ရာ အချက်အလက်များကို  Power Point ဖြင့် အသေးစိတ် ရှင်းလင်း တင်ပြသည်။
ထို့နောက် တက်ရောက်လာ သည့် ခရိုင်/မြို့နယ်  စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌများက အိမ်ထောင် စု   လူဦးရေစာရင်းပုံစံ (၆၆/၆) မြေပြင် ကွင်းဆင်းစိစစ်ကောက်ယူ နိုင်ရေးအဖွဲ့များ    ဖွဲ့စည်းထားရှိ မှုနှင့်     မဲစာရင်းမှန်ကန်စေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ရှိမှုအခြေအနေများ     တင်ပြမှု အပေါ်  အစိုးရအဖွဲ့  တာဝန်ရှိသူ များက ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့များနှင့် ကွင်းဆင်း ဆောင်ရွက်နိုင်ရေး   အစီအမံများ ကို ရှင်းလင်းတင်ပြကြရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ်က လိုအပ် သည်များ    ဖြည့်စွက်မှာကြားခဲ့ ကြောင်း သိရသည်။ 
သတင်းစဉ်