
နေပြည်တော် ဧပြီ ၂၈
ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထိန်သည် ဧပြီ ၂၆ ရက် နံနက်ပိုင်းက အဆောက်အဦ ဦးစီးဌာန အဆောက်အဦ သုတေသနဓာတ်ခွဲ ခန်းများရုံး (ရန်ကုန်) ကို ကြည့်ရှု စစ်ဆေးပြီး ဓါတ်ခွဲခန်းသုံး ပစ္စည်း များ အမြဲကောင်းမွန်ရန်နှင့် ဌာန တွင်း လုပ်ငန်းအတွေ့အကြုံများ နှီးနှောဖလှယ်သည့် Knowledge Sharing Program ဆောင်ရွက် သွားရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အဆောက်အဦဦးစီး ဌာန၏ ISO / IEC 17025: 2017 ရရှိပြီးဖြစ်သော ဘိလပ်မြေ၊ သဲနှင့် ကွန်ကရစ် Laboratories ခန်း များနှင့် မြန်မာ - ကိုရီးယား ဆောက်လုပ်ရေးပစ္စည်း စမ်းသပ် စစ်ဆေးရေးအဆောက်အဦတို့ကို ကြည့်ရှု စစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် ဧပြီ ၂၇ ရက် နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ပြည်သူ့ အငှားအိမ်ရာ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင် ရှင်းလင်း ဆောင်တွင် အိမ်ရာတည်ဆောက် ရေးလုပ်ငန်းများ အရှိန်အဟုန် မပျက် ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းအခက်အခဲများ ဖြေရှင်း ညှိနှိုင်းဆောင်ရွက်ရန် ဆောက် လုပ်ရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်း ရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်နှင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းရှင်များ အသင်းချုပ်တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယ ဝန်ကြီးက လက်ရှိလုပ်ငန်းအတွေ့ အကြုံများမှ အိမ်ရာကဏ္ဍတွင် ပိုမိုကောင်းမွန်သော နည်းလမ်း များဖြင့် ခေတ်စနစ်နှင့် ကိုက်ညီ သည့် အိမ်ရာများ တည်ဆောက် သွားရန်၊ ရန်ကုန်တိုင်းဒေသကြီး၏ ပြည်သူများ နေထိုင်မှုအဆင်ပြေ စေရန်အတွက် အိမ်ရာစီမံကိန်း များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များကလည်း ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးရန်လိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့ သည် အိမ်ရာစီမံကိန်း တည် ဆောက်နေမှုတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်