အိမ်ရာစီမံကိန်း လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အထူးဂရုပြု ဆောင်ရွက်

နေပြည်တော်   ဖေဖော်ဝါရီ   ၂၅


ဆောက်လုပ်ရေးဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးမင်းထိန်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ  ဒက္ခိဏသီရိမြို့နယ်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် များ ပူးပေါင်းပြီး ပြည်သူ့အငှားအိမ်ရာစီမံကိန်းနှင့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားအငှားအိမ်ရာ တည်ဆောက် ရေးစီမံကိန်းလုပ်ငန်းများ    ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်း အခြေအနေ တို့ကို ကြည့်ရှုစစ်ဆေးသည်။


အငှားအိမ်ရာစီမံကိန်းများ ဆောင်ရွက်ထား
ရှေးဦးစွာ   ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်    နိုင်ငံ့ ဝန်ထမ်း  အငြိမ်းစားအငှားအိမ်ရာ  တည်ဆောက်    နေသည့်    သုခဝတီအိမ်ရာစီမံကိန်းသို့   ရောက်ရှိရာ  မြို့ပြနှင့်    အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ   ဒုတိယ ညွှန်ကြားရေးမှူးချုပ်       ဦးဇော်ဇော်အေးက နေပြည်တော်ကောင်စီနယ်မြေတွင်   ပြည်သူများ အတွက် အငှားအိမ်ရာစီမံကိန်းများ၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် အငှားအိမ်ရာစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်း ပြီးစီးမှုနှင့်   ဆက်လက်ဆောင်ရွက်မည့်  လုပ်ငန်း အစီအစဉ်များကို မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြ သည်။
ထို့နောက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်မှ    ဒုတိယဥက္ကဋ္ဌ ဦးသက်လင်း ၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာ များအသင်းချုပ်မှ  တာဝန်ခံ  ဦးပြည့်ဖြိုးလွင်နှင့်  မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ခံ ဦးသန့်ဇင်ဦး တို့က အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းပြီးစီးမှုနှင့်   ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို    သက်ဆိုင်ရာ   ကဏ္ဍ အလိုက် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ အိမ်ရာစီမံကိန်းတွင် ကြီးကြပ် သည့် မြို့ပြ / လျှပ်စစ် / ရေသန့်နှင့် အရည်အသွေး စစ်ဆေးရေးအဖွဲ့တို့မှ တာဝန်ခံအင်ဂျင်နီယာများက နိုင်ငံ့ဝန်ထမ်း    အငြိမ်းစားအငှားအိမ်ရာစီမံကိန်း လုပ်ငန်းများကို   ဘဏ္ဍာရေးနှစ်အလိုက်   လုပ်ငန်း ဆောင်ရွက်ထားရှိမှု လုပ်ငန်းပြီးစီးမှုနှင့် အရည် အသွေးထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိ မှု  အခြေအနေတို့နှင့် ပတ်သက်၍ ကဏ္ဍအလိုက် အသေးစိတ် ရှင်းလင်းတင်ပြသည်။
ယင်းနောက်   ဒုတိယဝန်ကြီးနှင့်  အဖွဲ့သည် တည်ဆောက်ရေး  အိမ်ရာစီမံကိန်းများဖြစ်သည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်း ၊ နိုင်ငံ့ဝန်ထမ်း အငှား အိမ်ရာစီမံကိန်းလုပ်ငန်းများ   ဆောင်ရွက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း ၊ ဆက်လက်ဆောင်ရွက် နေသည့် အိမ်ရာစီမံကိန်းလုပ်ငန်းများအား ကြည့်ရှု စစ်ဆေးပြီး    လုပ်ငန်းခွင်အန္တရာယ်  ကင်းရှင်းရေး အထူးဂရုပြုဆောင်ရွက်ရန်     တာဝန်ရှိသူများကို မှာကြားသည်။
နေပြည်တော်ကောင်စီနယ်မြေ၊   ဒက္ခိဏသီရိ မြို့နယ် ၊  နေပြည်တော်မြို့ပတ်လမ်းဘေးရှိ   မြေ ဧရိယာ ၃၃ ဧကပေါ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား အငှားအိမ်ရာ ၁၂ ခန်းတွဲ ငါးထပ် ငါးလုံး ၃၀၀ ယူနစ်၊ ၁၂ ခန်းတွဲ ငါးထပ်နှစ်လုံး  ၁၂၀ ယူနစ်နှင့် လေးခန်းတွဲ ငါးထပ် ငါးလုံး ၁၀၀ ယူနစ်ကို လည်းကောင်း၊ မြေ ဧရိယာ ၅၀ ဧကပေါ်တွင် လေးခန်းတွဲ ငါးထပ် ၂၆ လုံး ၆၁၄ ယူနစ်နှင့်  လေးခန်းတွဲ ငါးထပ် ၁၈ လုံး ၂၈၈  ယူနစ်တို့ကို  ဘဏ္ဍာရေးနှစ်အလိုက်   တည် ဆောက်သွားမည်ဖြစ်သည်။
လုပ်ငန်းများ အချိန်မီပြီးစီးရေး
ယခုဆောင်ရွက်နေသည့် အိမ်ရာစီမံကိန်းများ သည် ပြည်သူများနှင့်  နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ အတွက် နေထိုင်ရေးအဆင်ပြေစေရန် ဆောက်လုပ် ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နှင့်   ပုဂ္ဂလိကလုပ်ငန်းရှင်အဖွဲ့များ   ပူးပေါင်းပြီး နေပြည်တော်၊  ရန်ကုန်မြို့နှင့်   မန္တလေးမြို့တို့တွင် အိမ်ရာစီမံကိန်းများကို    အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ    နေပြည်တော်ကောင်စီ နယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ သုခဝတီ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားအငှားအိမ်ရာများကို တာဝန်ယူဆောင် ရွက်သည့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်းချုပ်မှ လုပ်ငန်းပြီးစီးမှု ၅၀ ရာခိုင်နှုန်း ၊ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အသင်း ချုပ်မှ ၄၅ ရာခိုင်နှုန်းနှင့် မြန်မာမြို့ပြနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးလုပ်ငန်းရှင်များအသင်းမှ ၂၀ ရာခိုင်နှုန်း    ပြီးစီးလျက်ရှိပြီး   လုပ်သားအင်အား ၈၀၀ ခန့်ဖြင့် လုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
သတင်းစဉ်