
ဝါရှင်တန် မတ် ၂၃
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်သည် အပျော့စား ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေကြောင်း မတ် ၂၂ ရက် ညနေပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မိမိတွင် ကိုဗစ်-၁၉ အပျော့စားကူးစက် ဖြစ်ပွား နေသော်လည်း နေထိုင်ကောင်းကြောင်း အသက် (၇၄)နှစ်အရွယ်ရှိ ဟီလာရီကလင်တန် က တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။ ၎င်းအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးခဲ့ကြောင်းလည်း ထပ်လောင်းပြောကြား ခဲ့သည်။
၎င်း၏ခင်ပွန်း အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်သည် မတ် ၂၂ ရက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး နေကောင်းကျန်းမာ လျက်ရှိကြောင်း သိရသည်။
အသက် (၇၅) နှစ်ရှိ ဘီလ်ကလင်တန်က မိမိတို့မိသားစုဝင်များ ကျန်းကျန်းမာမာ ဖြစ် သည်အထိ သီးသန့်နေထိုင်သွားမည်ဖြစ် ကြောင်း ရေးသားခဲ့သည်။
အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ဂျန်ဆာကီက လအနည်းငယ်အတွင်း ဒုတိယ အကြိမ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေကြောင်း ကြေညာပြီးနောက် ဟီလာရီကလင်တန်က တွစ်တာတွင် ထိုသို့ရေးသားဖော်ပြခဲ့ခြင်းဖြစ် သည်။
ကာကွယ်ဆေးကို ကျေးဇူးတင်ကြောင်း နှင့် မိမိတွင် ကိုဗစ်-၁၉ အပျော့စားကူးစက်ဖြစ် ပွားမှုသာရှိကြောင်း ဆာကီက ကြေညာချက် တွင် ထုတ်ပြန်ဖော်ပြခဲ့သည်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်သည် မတ် ၂၂ ရက်က ပီစီအာရ်နည်းဖြင့် ကိုဗစ်-၁၉ စမ်းသပ် စစ်ဆေး ခဲ့ရာ ကိုဗစ်-၁၉ ကင်းစင်ကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။
ဆင်ဟွာ