အိမ်ဖြူတော်အနီး မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးသူ သုံးဦးအထိရှိလာ

 

ဝါရှင်တန်     ဩဂုတ်     ၆


ဩဂုတ် ၄ ရက် ညနေပိုင်းက အိမ်ဖြူတော်အနီး မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးသူ သုံးဦးအထိ ရှိလာပြီဖြစ်ကြောင်း  ဆင်ဟွာသတင်းတစ်ရပ်၏  ဖော်ပြချက်အရ  သိရသည်။ အိမ်ဖြူတော်အနီးရှိ  လာဖာယက်တီဥယျာဉ်တွင်  မိုးကြိုးပစ်မှုကြောင့်  အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဩဂုတ် ၅ ရက် နှောင်းပိုင်းတွင် ဝါရှင်တန်ဒီစီရဲတပ်ဖွဲ့က သတင်းထောက်များကို ပြောသည်။ 

 


အစောပိုင်းတွင်လည်း    ဝစ်ကွန်ဆင်မှ    အသက် ၇၀ ကျော်အရွယ်  ဇနီးမောင်နှံဖြစ်သည့်  ဂျိမ်းစ်မူးလာနှင့် ဒွန်နာမူးလာတို့သည်   မိုးကြိုး ပစ်မှုကြောင့်  သေဆုံးခဲ့ကြောင်း  သိရသည်။  အဆိုပါ      ဇနီးမောင်နှံသည်    လာဖာယက်တီ ဥယျာဉ်၌    ၎င်းတို့၏  ၅၆ နှစ်မြောက်  မင်္ဂလာ နှစ်ပတ်လည်နေ့   အခမ်းအနားကျင်းပနေချိန် တွင်  ထိုကဲ့သို့      မိုးကြိုးပစ်မှုကြောင့်   သေဆုံး သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

 


အိမ်ဖြူတော်       သတင်းပြန်ကြားရေး တာဝန်ခံ ကာရင်ဂျိန်းပီယာရီက လာဖာယက်တီ ဥယျာဉ်တွင်         မိုးကြိုးပစ်မှုဖြစ်ပွားပြီး နောက်       ကြေကွဲဖွယ်ရာအသက်ဆုံးရှုံးမှု အတွက်  စိတ်မကောင်းဖြစ်မိကြောင်း ဩဂုတ် ၅ ရက်တွင် ပြောသည်။ 
အမေရိကန်နိုင်ငံ၌     ယခုနှစ်တွင်   လက်ရှိ အချိန်အထိ   မိုးကြိုးပစ်ခံရမှုကြောင့်  ၁၂ ဦး ထက်မနည်း    သေဆုံးကြောင်း       အမျိုးသား မိုးကြိုးပစ်ခတ်မှု     ဘေးကင်းရေးကောင်စီ၏ အဆိုအရ သိရသည်။      

                     
ဆင်ဟွာ