အိမ်နီးချင်းနိုင်ငံများ၏ ဆန်ဈေးကွက်အတွင်း ဗီယက်နမ်ဆန်ဈေးနှုန်းများ မြင့်တက်ဖွယ်ရှိ

 

နန်နင်း  မေ   ၁၉
ဧပြီလနှောင်းပိုင်း၌ အရှေ့အလယ်ပိုင်းဈေးကွက်မှ ဝယ်လိုအားကြောင့် ထိုင်းဆန်ဈေးနှုန်း မြင့်တက်ခဲ့ သည်မှအပ အာရှဆန်ဈေးကွက်တည်ငြိမ်ခဲ့သည်။ အမေရိကန် လယ်ယာစိုက်ပျိုးရေးဈေးကွက်၌မူ ဂျုံ၊ ပြောင်းနှင့်   ပဲပုပ်တို့အား  ကုန်သွယ်မှုကျဆင်းခဲ့ သည်။
ဧပြီလ နောက်ဆုံးရက်သတ္တပတ်အတွင်း ထိုင်း နိုင်ငံမှ (၅ ရာခိုင်နှုန်း   အကျိုးအကြေ  ပါဝင်သည့်) ဆန်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၂ ဒေါ်လာမှ ၄၃၅ ဒေါ်လာကြားရှိခဲ့ပြီး အီရန်၊ အီရတ်တို့မှ ဝယ်လိုအားများအပြင် ဆော်ဒီအာရေဗျ နှင့် ဆက်ဆံရေးတိုးတက်လာသဖြင့်  ထိုင်းဆန်များ ကို ဝယ်လိုအားတက်လာသည်။
ပေါင်းဆန်တင်ပို့ရာတွင်   ဦးဆောင်နေသည့် အိန္ဒိယနိုင်ငံမှ (၅ ရာခိုင်နှုန်း အကျိုးအကြေ ပါဝင် သည့်) ဆန်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ  ၃၆၁  ဒေါ်လာမှ ၃၆၅ ဒေါ်လာကြား ရှိခဲ့ပြီး ဈေးနှုန်းမပြောင်းလဲခဲ့သည်ကိုမြင်တွေ့ရသည်။ 
ဗီယက်နမ်နိုင်ငံမှ (၅ ရာခိုင်နှုန်း အကျိုးအကြေ ပါဝင်သည့်)   ဆန်ဈေးနှုန်းမှာ   တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၅  ဒေါ်လာရှိခဲ့ပြီး ဈေးနှုန်း မပြောင်းလဲခဲ့ကြောင်း    သိရသည်။   သို့ရာတွင် ဆောင်းရာသီ- နွေဦးရာသီ ရိတ်သိမ်းမှု ပြီးစီးလုပြီ ဖြစ်ကာ  ရောင်းလိုအား  နည်းလာသောကြောင့် လာမည့်ရက်သတ္တပတ်များတွင်   ဈေးတက်ဖွယ်ရှိ  သည်။ ထို့ကြောင့် ကုန်သည်များမှာ ပို့ကုန်စာချုပ် အသစ်များ ချုပ်ဆိုရန် တွန့်ဆုတ်နေကြောင်း သိရ သည်။
လက်ရှိရာသီတွင်     ဘင်္ဂလားဒေ့ရှ်အစိုးရက လယ်သမားများထံမှ ဆန်ပိုမိုဝယ်ယူနေပြီး လက်ရှိ ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် တာကာ ၄၀ ဖြစ် သည်။  ယခင်နှစ်က    တစ်ကီလိုဂရမ်လျှင်  ၃၆ တာကာဖြင့်သာ ဝယ်ယူခဲ့သည်။