အိမ်မဲမြို့နယ်အတွင်းရှိ ဝါဆိုသံဃာများ၊ သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆားများ ဆက်ကပ်

 

အိမ်မဲ  စက်တင်ဘာ  ၁၇


ဧရာဝတီတိုင်းဒေသကြီး   အိမ်မဲ မြို့နယ်   အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန    ရွှေပြည်တန်ခန်းမ၌  တိုင်းဒေသကြီး   အစိုးရအဖွဲ့နှင့် အလှူရှင်များက  မြို့နယ်အတွင်းရှိ ဝါဆိုသံဃာများ၊ သီလရှင်များအား ဆွမ်းဆန်၊ ဆီ၊ ဆားများ ဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့က  ကျင်းပ သည်။


အဆိုပါ   အခမ်းအနားတွင် ဗဟိုဝန်ဆောင် ဆရာတော်ကြီးထံ မှ   ငါးပါးသီလ ခံယူဆောက်တည် ကြပြီး     ကြွရောက်လာကြသော ဆရာတော်  အရှင်သူမြတ်များက ပရိတ်တရားများ ချီးမြှင့်သည်။


ယင်းနောက် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့၊    အဖွဲ့ဝင်  (၁) ဒုတိယ ဗိုလ်မှူးကြီး   မောင်မောင်ငြိမ်းကသာသနာရေးဆိုင်ရာ      ကိစ္စရပ် များကို လျှောက်ထားခဲ့ပြီး တာဝန် ရှိသူများက    မြို့နယ်အတွင်းရှိ ဝါဆိုသံဃာ၁၀၅၈ ပါး၊ သီလရှင် ၄၇ ပါးတို့အတွက်   တစ်ပါးလျှင် ဆွမ်းဆန်ခြောက်ပြည်၊   ဆီ ၂၅ ကျပ်သား၊   ဆား ၂၅ ကျပ်သား နှုန်းဖြင့်စုစုပေါင်း ဆွမ်းဆန် ၂၇၇ အိတ်၊ ဆီ ၂၇၆ ပိဿာ၊ ဆား ၂၇၆ ပိဿာတို့ကို   ဆက်ကပ်လှူဒါန်း ကာ  ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ     အမျှပေးဝေ ကြောင်း  သိရသည်။


ချစ်သက်လယ်( ပြန်/ဆက်)