အိမ်မဲမြို့နယ် ကရင်တိုင်းရင်းသားရေးရာ စာပေနှင့်ယဉ်ကျေးမှုအသင်း၏ နှစ်ထပ်အာရ်စီရုံး ဆိုင်းဘုတ်ဖွင့်

 

အိမ်မဲ  ဇူလိုင်   ၁၀


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ ခရိုင် အိမ်မဲမြို့နယ် ချောင်းဝပိုင်း ရပ်ကွက် (၈) လမ်းတွင်   ကရင် တိုင်းရင်းသားရေးရာ   စာပေနှင့် ယဉ်ကျေးမှု အသင်း၏ (၁၈x ၄၅) ပေ နှစ်ထပ်    အာရ်စီအသင်းရုံး ဆိုင်းဘုတ်တင်     ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့   နံနက်ပိုင်း က ကျင်းပသည်။

 


အဆိုပါ    အခမ်းအနားကို တက်ရောက်လာသည့်   ကရင် တိုင်းရင်းသားများက    ကရင် အမျိုးသားသီချင်း သီဆို၍ဖွင့်လှစ် ပေးခဲ့သည်။ ဆက်လက်ပြီး ကရင် တိုင်းရင်းသားရေးရာ   စာပေနှင့် ယဉ်ကျေးမှုအသင်း၏  နှစ်ထပ်  အာရ်စီအသင်းရုံး ဆိုင်းဘုတ်တင် ဖွင့်လှစ်ခြင်း  အခမ်းအနားကျင်းပ ရာ  တိုင်းဒေသကြီး  ဝန်ကြီးချုပ်   ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး  တိုင်းရင်းသားရေးရာဝန်ကြီး ဦးစော လင်းခယ်နှင့်     မြို့နယ်ကရင် တိုင်းရင်းသားရေးရာ    စာပေနှင့်    ယဉ်ကျေးမှုအသင်း      ဥက္ကဋ္ဌ  ဒေါက်တာ မောင်မောင်စိုးတို့က  ဖဲကြိုးဖြတ်     ဖွင့်လှစ်ပေးပြီး   စုပေါင်းမှတ်တမ်းတင်   ဓာတ်ပုံ ရိုက်သည်။

 


ဆက်လက်ပြီး အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေပြည်တန်ခန်းမတွင်    ကရင် တိုင်းရင်းသားများနှင့်    တွေ့ဆုံ ဆွေးနွေးပွဲကျင်းပရာ  တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က နှုတ်ခွန်းဆက် အမှာစကား     ပြောကြားရာ အိမ်မဲမြို့နယ် ကရင်တိုင်းရင်းသား ရေးရာစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက     ကျေးဇူးတင်စကား ပြောကြားသည်။

 


အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် အဖွဲ့  အိမ်မဲမြို့နယ် ကျေးရွာဒေသ များမှ  ကရင်တိုင်းရင်းသားများ တက်ရောက်ခဲ့ကြောင်း      သိရ သည်။


ချစ်သက်လယ်
(ပြန်/ဆက်)