အိမ်မဲ အထက(၁)၌ လူငယ်စကားဝိုင်းကျင်းပ

 

အိမ်မဲ   ဇန်နဝါရီ   ၂၀


အိမ်မဲမြို့နယ်            ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်    အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့်     လူငယ် စကားဝိုင်းကို   ယနေ့နံနက် ၁၀ နာရီက   အထက(၁)  ရွှေညီလာ ခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ   အိမ်မဲမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား မြို့နယ်လဝက ဦးစီးမှူး ဦးအောင် နိုင်ဦးနှင့် ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်ဝင်းတို့က  အမှာစကားများ ပြောကြား​ပြီး မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို  ပြောကြား သည်။

 


ဆက်လက်ပြီး လူငယ်စကား ဝိုင်းကျင်းပရာ ဦးဆောင်ဆွေးနွေး သူအဖြစ်    မြို့နယ်ပြန်/ဆက်ဦးစီး အရာရှိ ၊ အထက(၁)ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ချိုချို မြင့်တို့   Grade  10 မှ  မသီရိ ဖုန်းမော်က   “လူငယ်နှင့်  လူမှု ဝန်ထမ်းစိတ်” ၊ မငြိမ်းလဲ့လွင် က  “လူငယ်နှင့်         မျိုးချစ်စိတ်”၊ မောင်ခန့်ညားအောင်က “လူငယ် နှင့်    လွတ်လပ်ခြင်း”၊  မသဇင် သက်မော်ထွန်းက   “လူငယ်နှင့် ကိုယ်ကျင့်တရား” ခေါင်းစဉ်များ ဖြင့် ဆွေးနွေးပြောကြားသည်။

 


ယင်းနောက်   အခမ်းအနား တက်ရောက်လာသော  ကျောင်း သား ကျောင်းသူများက ဆွေးနွေး မှုများနှင့် ပတ်သတ်ပြီး သိရှိလို သည်များကို မေးမြန်းခဲ့ရာ လူငယ် စကားဝိုင်း   ဆွေးနွေးပြောကြား ပေးခဲ့သော ကျောင်းသား ကျောင်း သူများက ပြန်လည်ဖြေကြားပေး သည်။        

 

 မြို့နယ်(ပြန်/ဆက်)