
နေပြည်တော် ဇွန် ၂၀
အိမ်ခြံမြေအကျိုးဆောင်နှင့် အဖိုး တန်သတ္တု ရောင်းဝယ်ရေးလုပ်ငန်း များတွင် ကဏ္ဍအလိုက် ဆုံးရှုံးနိုင် ခြေအကဲဖြတ်မှု အလုပ်ရုံဆွေးနွေး ပွဲကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမှာ စကားပြောကြားပြီး အုပ်စုလိုက် ပူးပေါင်းကြီးကြပ်ရေးအဖွဲ့ အဖွဲ့ ခေါင်းဆောင် ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးတို့ က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရ ခြင်း ရည်ရွယ်ချက်၊ ငွေကြေးခဝါ ချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ကြသည်။
ထို့နောက် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန မြေယာဌာနမှ ညွှန် ကြားရေးမှူးနှင့် ဒုတိယညွှန်ကြား ရေးမှူးတို့က ကဏ္ဍအလိုက် ဆုံးရှုံး နိုင်ခြေအကဲဖြတ်ခြင်း မေးခွန်းလွှာ များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးကြပြီး တက်ရောက်လာ ကြသည့် အိမ်ခြံမြေအကျိုးဆောင် များနှင့် အဖိုးတန်သတ္တု (ရွှေ)ရောင်းဝယ်သူများက မေးခွန်းလွှာ များကို ဖြေကြားကြသည်။
ယင်းနောက် ဖြေကြားပြီး မေးခွန်းလွှာများကို ပြန်လည် စုစည်းကာ ဖြေကြားချက်များ အပေါ် သုံးသပ်ဆွေးနွေးပြီး အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်း လိုက်သည်။
အဆိုပါဆွေးနွေးပွဲသို့ နေပြည် တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အရာထမ်းများ၊ အိမ်ခြံ မြေအကျိုးဆောင်များနှင့် အဖိုး တန်သတ္တု (ရွှေ) ရောင်းဝယ်သူ များ တက်ရောက်ကြသည်။
သတင်းစဉ်