
ခါတွန် ဖေဖော်ဝါရီ ၂၁
ဥရောပကော်မရှင်သည် ဆူဒန်နိုင်ငံ၌ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် ယူရိုသန်း ၄၀ ခွဲဝေချထားပေးသွားမည်ဟု သိရသည်။ အပြည်ပြည်ဆိုင်ရာ အေဂျင်စီ များမှတစ်ဆင့် ဆူဒန်ပြည်သူများကို ထောက်ပံ့ပေးရန်အတွက် ၎င်းတို့၏ ကတိကဝတ်များအတိုင်းဆောင်ရွက်သွားမည်ဟု အီးယူက အတည်ပြုပြောကြားခဲ့သည်။ အီးယူရန်ပုံငွေထဲမှ ယူရို ၂၉၄ ဒသမ၂ သန်းကို အာဖရိကနိုင်ငံများသို့ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။
ဆင်ဟွာ