အီတလီဝန်ကြီးချုပ်၏ ရာထူးမှ နုတ်ထွက်လွှာကို သမ္မတ ပယ်ချ

 

ရောမ  ဇူလိုင်  ၁၅ 


အီတလီသမ္မတ ဆာဂျီယိုမက်တာ ရယ်လာသည် ဝန်ကြီးချုပ် မာရီယို ဒရက်ဂီနှင့်   ဇူလိုင်   ၁၄  ရက် နှောင်းပိုင်းတွင်        တွေ့ဆုံခဲ့ပြီး နောက် ၎င်း၏  နုတ်ထွက်စာကို ပယ်ချခဲ့သည်။ 

 


ဝန်ကြီးချုပ်၏ ညွန့်ပေါင်းအဖွဲ့ ရှိ ဒုတိယအင်အားကြီးဆုံးအဖွဲ့ဖြစ် သည့်    ကြယ်ငါးပွင့်လှုပ်ရှားမှု ဟုခေါ်သော  the  Five  Star Movement-(M5S)သည် ဇူလိုင် ၁၄ ရက်အစောပိုင်းက အထက် လွှတ်တော်တွင်    ကုန်ဈေးနှုန်း မြင့်တက်လာခြင်းကို တိုက်ဖျက် ရန် အစိုးရ၏ သက်သာခွင့် ဥပဒေ ကြမ်းအပေါ်     သပိတ်မှောက်ခဲ့ သည်။ 

 


ကွီရီနာ့လီ      နန်းတော်တွင် ဝန်ကြီးချုပ်နှင့် သမ္မတတို့တွေ့ဆုံ ပြီးနောက်   ထုတ်ပြန်လိုက်သော တရားဝင်   ထုတ်ပြန်ချက်တွင် သမ္မတက         ဝန်ကြီးချုပ်၏ နုတ်ထွက်လွှာကို      လက်မခံဘဲ ငြင်းဆိုလိုက်ကြောင်း  ဖော်ပြထား သည်။ 

 


ဝန်ကြီးချုပ်    မာရီယိုဒရက်ဂီ သည်   အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တွင်  လာမည့် ဗုဒ္ဓဟူးနေ့တွင် မိန့်ခွန်းပြောမည် ဖြစ်ကြောင်း   ပြည်တွင်းမီဒီယာ များတွင်  ဖော်ပြလိုက်သည်။ 

 


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက ဖွဲ့စည်းခဲ့သော       ဒရက်ဂီ၏ အမျိုးသား    ညီညွတ်ရေးအစိုးရ အဖွဲ့အတွင်း        တင်းမာမှုများ မြင့်တက်လာပြီး   သီတင်းပတ် ပေါင်းများစွာ        ကြာပြီးနောက် ယခုလို ဝန်ကြီးချုပ် နုတ်ထွက်ခဲ့ ခြင်းဖြစ်သည်။ 

 


ဝန်ကြီးအဖွဲ့၏ ရေတိုရေလတ် ဦးစားပေးကိစ္စရပ်များ       မည်သို့ မည်ပုံဖြစ်သင့်သည်        ဆိုသည့် အပေါ် အာရုံစူးစိုက်ရင်း ဥရောပ ဗဟိုဘဏ်  အကြီးအကဲဟောင်း ဒရက်ဂီသည်   နောက်ဆုံးအချိန် ကာလများအထိ  ကြီးမားသော နိုင်ငံရေးသဘောတူညီချက်များ ကို  ကျေနပ်ခဲ့သည်။

 


သို့သော် ဇူလိုင် ၁၄ ရက်က M5S အဖွဲ့က  အစိုးရ၏  သက်သာ ခွင့်ဥပဒေကြမ်းအပေါ်  သပိတ် မှောက်ခဲ့သောကြောင့်    ဒရက်ဂီ သည်  အစိုးရဝန်ကြီးများအဖွဲ့ကို စုဝေးစေခဲ့ပြီး ရာထူးမှ နုတ်ထွက် တော့မည်ဖြစ်ကြောင်း ကြေညာခဲ့ သည်။ အစိုးရကို ထောက်ခံလျက် ရှိသည့် အများစုသော  နိုင်ငံရေး အင်အားစုများသည်    နောက်ထပ် ဆက်လက်ရှိနေတော့မည် မဟုတ် ကြောင်း  ၎င်းက  ပြောကြားလိုက် သည်။                            

ဆင်ဟွာ