
ရောမ ဇန်နဝါရီ ၃၀
အီတလီနိုင်ငံမှ ပါတီများသည် သမ္မတဟောင်း ဆာဂျီယိုမတ်တာရယ်လာကို နောက်ထပ် သမ္မတသက်တမ်းအတွက် ပြန်လည်မဲပေး ရွေးချယ်ခဲ့သည်ဟု သိရသည်။
၎င်း၏နေရာတွင် ဆက်ခံမည့်သူ ရွေးချယ် ရင်း နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုများကို ရှောင်ရှားနိုင်ခဲ့သည်။ အီတလီနိုင်ငံသည် ယူရိုဇုန်တွင် တတိယအကြီးဆုံး စီးပွားရေး နိုင်ငံလည်းဖြစ်သည်။
ဆာဂျီယိုမတ်တာရယ်လာသည် မဲအရေ အတွက် ၅၀၅ မဲထက် ကျော်လွန်ရရှိရန် လိုအပ်သည်။ ၎င်းသည် မဲအရေအတွက် ၇၅၉ ရရှိခဲ့ပြီး နောက်ထပ်သမ္မတသက်တမ်းအတွက် အနိုင်ရရှိခဲ့သည်။
၎င်းမှာ ဖေဖော်ဝါရီ ၂ ရက်နေ့ သို့မဟုတ် ဖေဖော်ဝါရီ ၃ ရက်တို့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည်ဟု မျှော်မှန်းထား သည်။
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် သည်လည်း တွစ်တာပေါ်တွင် အီတလီသမ္မတ အတွက် ဂုဏ်ယူကြောင်း ရေးသားခဲ့သည်။
အေအက်ဖ်ပီ