
အီတလီစူပါမားကတ်တစ်ခု၌ ၎င်း၏ရှေ့တွင် လူတစ်ဦး ဓားထိုး ခံရမှုကြောင့် သေဆုံးပြီးနောက် အသက်အန္တရာယ်ခြိမ်းခြောက် မှုမှ လွတ်မြောက်ခဲ့သည့်အတွက် ကံကောင်းသည်ဟု ခံစားရ ကြောင်း အာဆင်နယ် အသင်းမှ ခံစစ်ကစားသမား တစ်ဦးဖြစ်သူ ပါဘလို မာရီက ပြောသည်။
မာရီ၏ ကျောမှ ကြွက်သားဒဏ်ရာနှစ်ခုကို ခွဲစိတ်မှုပြုလုပ် ခဲ့ကြောင်း မီလန်ရှိ နီဂွာဒါဆေးရုံက ပြောသည်။ မီလန်တွင် အောက်တိုဘာ ၂၇ ရက်က ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အသက် ၄၇ နှစ်အရွယ်ရှိ လူးဝစ် ဖာနန်ဒို ရူဂီရီဆိုသူ စူပါ မားကတ်ဝန်ထမ်းတစ်ဦးမှာ အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မာရီအပါအဝင် ဈေးဝယ်သူလေးဦးနှင့်အတူ အခြားဝန်ထမ်း တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ အသက် ၂၉ နှစ်အရွယ်ရှိ မာရီသည် အာဆင်နယ်အသင်းမှ စီးရီးအေကလပ် မွန်ဇာကလပ်သို့ တစ်ရာသီအငှားလာရောက်ကစားနေသူဖြစ်ပြီး ၎င်း၏ ဇနီး၊ သားသမီးနှင့်အတူ စူပါမားကတ်သို့ ဈေးဝယ် လမ်းလျှောက်ထွက်စဉ် နောက်ကျောကို ဓားဖြင့် အထိုးခံခဲ့ရခြင်း ဖြစ်သည်။
ယခု ကြွက်သားဒဏ်ရာအမျိုးအစားမှာ ကိုယ်လက်လှုပ်ရှားမှု များ မလုပ်ဆောင်မီ နှစ်လခန့် အနားယူရန် လိုအပ်ကြောင်း ကလပ်အသင်းဘက်က ပြောသည်။
မိုးဇက်