အီတလီစီးရီးအေ ဘောလုံးပြိုင်ပွဲ ဂျူဗင်တပ်စ်က ရိုးမားကို တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ယူ

 

 

အီတလီစီးရီးအေပွဲစဉ်(၈)အဖြစ် ဂျူဗင်တပ်စ်အသင်းနှင့်  ရိုးမားအသင်း တို့ပွဲစဉ်ကို အောက်တိုဘာ ၁၈ ရက်  နံနက်ပိုင်းက  ဂျူဗင်တပ်စ်အိမ်ကွင်း၌  အကြိတ်အနယ်   ယှဉ်ပြိုင်ကစားခဲ့ရာ  ဂျူဗင်တပ်စ်အသင်းက       မွိုက်စ်ကိန်း၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 
ယနေ့ပွဲစဉ်တွင်     အိမ်ရှင်ဂျူဗင်တပ်စ်အသင်းထက်    ရိုးမား အသင်းက    ခြေအသာ၊   ဂိုးကန်သွင်းခွင့်အသာဖြင့်    ပွဲကိုထိန်းချုပ် ကစားနိုင်ခဲ့သော်လည်း ဂျူဗင်တပ်စ် ခံစစ်နှင့် ဂိုးသမားဆက်ဇီနီတို့    အကောင်းဆုံး   ဟန့်တားကာကွယ်နိုင်ခဲ့သည့်အတွက် ရိုးမားအသင်း တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။   ဂျူဗင်တပ်စ်အသင်းသည် ယနေ့ပွဲစဉ်ကို အနိုင်ရရှိခဲ့သောကြောင့် ပြိုင်ပွဲအရပ်ရပ်   နောက်ဆုံး ငါးပွဲဆက်နိုင်ပွဲရရှိခဲ့ခြင်းဖြစ်ပြီး        ပြိုင်ဘက်    ရိုးမားအသင်းက   စီးရီးအေ၌   ယခုနှစ်ရာသီ   သုံးပွဲ   မြောက်ရှုံးပွဲနှင့်  ကြုံတွေ့ခဲ့ရခြင်း  ဖြစ်သည်။
ရာသီအစပွဲစဉ်များတွင်  ပုံမှန် ခြေစွမ်းရရှိရန် ရုန်းကန်ခဲ့ရသည့်   ဂျူဗင်တပ်စ်အသင်းသည် နောက် ပိုင်း   ပွဲစဉ်များတွင်   ငါးပွဲဆက် နိုင်ပွဲရရှိသည်အထိ ခြေစွမ်းပြသ လာနိုင်ခဲ့သည်။       ဂျူဗင်တပ်စ် အသင်းသည် အောက်တိုဘာ ၂၁ ရက်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ဇင်းနစ်အသင်းနှင့်     ယှဉ်ပြိုင် ကစားရန်ရှိသော်လည်း   ယနေ့ ပွဲစဉ်ကို အဓိက ကစားသမားအစုံ အလင်ဖြင့်  ပွဲထွက်လာခဲ့သည်။ ပြိုင်ဘက် ရိုးမားအသင်းကလည်း အောက်တိုဘာ ၂၁ ရက်တွင် ယူရိုပါလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ကစားရန်ရှိသော်လည်း အဓိက ကစားသမား အများစုဖြင့် ဂျူဗင်တပ်စ်အသင်းကိုရင်ဆိုင်လာခဲ့သည်။ 
နှစ်သင်းစလုံး နိုင်ပွဲရရှိရေးကို ဦးတည်လာသည့်အတွက် ပွဲမှာ အကြိတ်အနယ်ရှိပြီး   ပရိသတ် အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ သည်။    ဂျူဗင်တပ်စ်အသင်း အတွက် တစ်လုံးတည်းသောအနိုင် ဂိုးကို ပွဲချိန် ၁၆ မိနစ်တွင် ရရှိခဲ့ပြီး မွိုက်စ်ကိန်းက     သွင်းယူပေးခဲ့ သည်။ ရိုးမားအသင်းသည် သွင်းဂိုး တစ်ဂိုး   ခွင့်ပြုပေးလိုက်ရပြီး နောက်   ချေပဂိုးရရှိရေးကြိုးစား လာခဲ့ရာ   ပွဲချိန် ၄၄ မိနစ်တွင် ပယ်နယ်တီ ကန်ခွင့်ရရှိခဲ့သည်။ သို့သော်လည်း  ရိုးမားကွင်းလယ် ကစားသမား ဗီရီတောက် ကန် သွင်းရာ ဂိုးအဖြစ်ပြောင်းလဲနိုင် ခြင်းမရှိသောကြောင့်    ရိုးမား အသင်း နစ်နာခဲ့ရသည်။ ထို့နောက် တွင်    ဂျူဗင်တပ်စ်အသင်းရော ရိုးမားအသင်းပါ အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်မှုပြုလုပ်ကာ  ဂိုးသွင်းယူရန် ကြိုးပမ်းလာခဲ့သော် လည်း  သွင်းဂိုးရယူနိုင်ခြင်းမရှိ  သောကြောင့် ဂျူဗင်တပ်စ်အသင်း က တစ်ဂိုး-တစ်ဂိုးဖြင့် အနိုင် ရရှိခဲ့ခြင်း ဖြစ်သည်။ 
ဂျူဗင်တပ်စ်    အသင်းသည် ယခုပွဲစဉ်ကို   အနိုင်ရရှိခဲ့သော ကြောင့် စီးရီးအေတွင် ရှစ်ပွဲကစား လေးပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံးဖြင့် ၁၄ မှတ်ရရှိထားသည်။ ပြိုင်ဘက် ရိုးမားအသင်းက ရှစ်ပွဲကစား ငါးပွဲ နိုင်၊ သုံးပွဲရှုံးဖြင့် ရမှတ် ၁၅ မှတ် ရရှိထားသည်။  
အီတလီစီးရီးအေ၏ အမှတ် ပေးဇယားကို နာပိုလီအသင်းက ရှစ်ပွဲကစားပြီး ရာနှုန်းပြည့်နိုင်ပွဲ နှင့်အတူ   ရမှတ်   ၂၄  မှတ်ဖြင့်      ဦးဆောင်လျက်ရှိသည်။                                                                      
အောင်ဇော်