အီသီယိုးပီးယားနိုင်ငံ၌ လူပေါင်း သန်း ၂၀ ကျော် လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေဆဲဖြစ်

 

လင်းလက်ကြယ်

အာဖရိကတိုက်မှာ  ဒုတိယမြောက် လူဦးရေအထူထပ်ဆုံး  နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အီသီယိုးပီးယားနိုင်ငံမှာ  အဓိကအားဖြင့် လူမျိုးရေးအကြမ်းဖက်မှု၊ ရောဂါဘယဖြစ်ပွားမှု၊ ပဋိပက္ခဖြစ်ပွားမှုနဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်တွေကနေ အရင်းခံဖြစ်တည်လာမှုကြောင့် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်ချက်တွေနဲ့ ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (ယူအင်န်အက်ဖ်ပီအေ) က ပြောပါတယ်။

အာဖရိကဦးချိုဒေသမှာ   တည်ရှိပြီး ကုန်းတွင်းပိတ်နိုင်ငံ    တစ်နိုင်ငံဖြစ်တဲ့ အီသီယိုးပီးယားနိုင်ငံမှာ မကြာသေးခင် သီတင်းပတ်တွေအတွင်း      မိုးခေါင်မှုနဲ့ ရေကြီးရေလျှံမှုကဲ့သို့          ဆိုးရွားတဲ့ ရာသီဥတုဖြစ်စဉ်တွေက     နေရပ်စွန့်ခွာ ရမှု၊    ကောက်ပဲသီးနှံနဲ့      အသက်မွေး ဝမ်းကျောင်းအလုပ်အကိုင်တွေ    ထိခိုက် ပျက်စီးမှုအပါအဝင် ကြီးမားတဲ့  ပျက်စီး ဆုံးရှုံးမှုတွေကို      ဆက်လက်ဖြစ်ပေါ် စေခဲ့ပါတယ်။ 
ဒါ့အပြင် အဲဒီလိုဖြစ်ပွားမှုက  ပြည်သူ တွေရဲ့  ကျန်းမာရေးအန္တရာယ်  ဖြစ်ပွား မှုကိုလည်း မြင့်တက်စေတယ်လို့  အီသီ ယိုးပီးယားနိုင်ငံအခြေအနေနဲ့ ပတ်သက် လို့ နောက်ဆုံးထုတ်ပြန်ချက်မှာ ယူအင်န် အက်ဖ်ပီအေက     ထည့်သွင်းပြောကြား ခဲ့တာဖြစ်ပါတယ်။ 


မိုးခေါင်ရေရှားမှု အကျိုးဆက်


အီသီယိုးပီးယားနိုင်ငံမှာ   လူသားချင်း စာနာ     ထောက်ထားမှုအကူအညီတွေ အရေးပေါ်လိုအပ်ချက်အဖြစ် ဆက်လက် ရှိနေတဲ့အပြင်   ငါးရာသီဆက်  ပြင်းထန် တဲ့ မိုးခေါင်ရေရှားမှု အကျိုးဆက်တွေနဲ့ လုံးပန်းနေရတဲ့  လူထုအသိုက်အဝန်းရဲ့ လိုအပ်ချက်တွေကို      ပံ့ပိုးဖြည့်ဆည်း ပေးဖို့လည်း လုံလောက်မှု မရှိသေးပါဘူး။ ယူအင်န်အက်ဖ်ပီအေရဲ့  ထုတ်ပြန်ချက် အရ အမ်ဟာရာနဲ့  တီဂရေးဒေသတွေမှာ မိုးခေါင်ခြင်းကဲ့သို့     အခြေအနေတွေ ကြောင့်  ခန့်မှန်းခြေ  လူပေါင်း ငါးသန်း လောက်        ထိခိုက်ခံစားနေရပြီး အသက်ကယ်အကူအညီ     အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။ 
ဒါ့အပြင်       အောက်တိုဘာလနဲ့ နိုဝင်ဘာလကြားမှာ     မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့      မြစ်ရေလျှံမှုတွေကြောင့် ရေကြီးရေလျှံမှု၊      ရွှံ့ညွန်ပြိုကျမှုတွေ ဖြစ်ပွားပြီး       အထူးသဖြင့်   ဆိုမာလီ၊ အိုရိုမီယာ၊   အေဖာ၊   အီသီယိုးပီးယား  တောင်ပိုင်းနဲ့    ဂမ်ဘယ်လာဒေသတို့မှ လူပေါင်း ၁ ဒသမ ၅  သန်းခန့် ထိခိုက်မှု ဖြစ်ပွားခဲ့တယ်လို့    ယူအင်န်အက်ဖ်ပီ အေက ဆိုပါတယ်။  
ဒေသတွင်း     တိုက်ပွဲဆက်လက် ဖြစ်ပွားမှုတွေကြောင့်လည်း       သွားရေး လာရေး ကန့်သတ်မှုအပြင် အထူးသဖြင့် ငှက်ဖျားနဲ့ ဝက်သက်ကဲ့သို့  ရောဂါဘယ ဖြစ်ပွားမှုမြင့်တက်နေတဲ့     အမ်ဟာရာ ဒေသမှာ    ကောက်ပဲသီးနှံ    စိုက်ပျိုးမှု မှာလည်း ဖြစ်ထွန်းအောင်မြင်ခြင်း မရှိတဲ့ အတွက်    လူပေါင်း   ၂   ဒသမ     ၈ သန်းလောက်    စားနပ်ရိက္ခာမဖူလုံမှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ 


လူသားချင်းစာနာ ထောက်ထားမှု အကူအညီလိုအပ်


လူသားချင်း    စာနာထောက်ထားမှု ဆိုင်ရာ  ကုလသမဂ္ဂညှိနှိုင်းရေးမှူးရုံးက ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ ၄ ဒသမ ၅      သန်းအပါအဝင်      လူပေါင်း   သန်း ၂၀       ကျော်မှာ         လူသားချင်းစာနာ ထောက်ထားမှု အကူအညီလိုအပ်တယ် လို့      ထုတ်ပြန်ထားပါတယ်။     ဒါ့အပြင် အိမ်နီးချင်းဆူဒန်နိုင်ငံမှ ဒုက္ခသည်တွေ စုပြုံဝင်ရောက်လာမှုကြောင့်     အီသီ ယိုးပီးယားနိုင်ငံရဲ့     လူသားချင်းစာနာထောက်ထားမှုအခြေအနေမှာ      ပိုမို ဆိုးရွားဖွယ်ရှိတယ်လို့           ယူအင်န် အက်ဖ်ပီအေ ပြောပါတယ်။ 
အီသီယိုးပီးယားနိုင်ငံ    အရှေ့ပိုင်း ဆိုမာလီဒေသမှာ  ပြီးခဲ့တဲ့လနောက်ဆုံး ပတ်မှာ ကာလဝမ်းရောဂါလည်း ဖြစ်ပွား ခဲ့ပါသေးတယ်။ အဲဒီလိုဖြစ်ပွားမှုကြောင့် လူပေါင်း ၂၃    ဦးထက်မနည်း   သေဆုံး ခဲ့ရပါတယ်။   ကာလဝမ်းရောဂါ   ဖြစ်ပွား မှုဟာ         သီတင်းနှစ်ပတ်အတွင်း အတည်ပြုရောဂါဖြစ်ပွားသူ   ၇၇၂   ဦးနဲ့ သေဆုံးသူ    ၂၃   ဦးအထိ   ရှိခဲ့တယ်လို့ ကမ္ဘာလုံးဆိုင်ရာ  ပရဟိတအသင်း Save the Children က ပြောပါတယ်။ ဆိုမာလီ ဒေသရှိ         ကီလာဖိုခရိုင်မှာဆိုရင် အတည်ပြုရောဂါဖြစ်ပွားသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ    အသက်ငါးနှစ်အောက် ကလေးငယ်တွေ ဖြစ်ကြတယ်လို့ အဆိုပါ ပရဟိတအသင်းက ပြောပါတယ်။ 


ကူးစက်ရောဂါများ


အီသီယိုးပီးယားနိုင်ငံမှာ ၂၀၂၂ ခုနှစ် ဩဂုတ်လမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက် ကြား ကာလဝမ်းရောဂါကြောင့် သေဆုံး သူ ၃၆၂ ဦး  အပါအဝင် ရောဂါဖြစ်ပွားသူ ၂၆၃၉၈ ဦးအထိ ရှိတယ်လို့ ဆိုပါတယ်။ ရောဂါဖြစ်ပွားမှု အများဆုံးဟာ အိုရိုမီယာ ဒေသမှဖြစ်ပြီး    ၎င်းနောက်မှာ    အီသီ ယိုးပီးယားတောင်ပိုင်း၊     အမ်ဟာရာ၊ ဆိုမာလီ၊ စီဒမာ၊ အေဖာ၊ အီသီယိုးပီးယား အလယ်ပိုင်း၊   ဒီယာဒါဝါ၊   ဘင်နီရှန်ဂူလ် ဂွမ်ဇ်နဲ့ ဟာရာရီဒေသတို့က အများဆုံး ဖြစ်ပါတယ်။
ငှက်ဖျားရောဂါဖြစ်ပွားမှုမှာဆိုရင် လည်း   ယခုနှစ်   ဇန်နဝါရီ   ၁    ရက်မှ အောက်တိုဘာ ၂၃   ရက်အထိ ငှက်ဖျား ရောဂါဖြစ်ပွားသူပေါင်း ၂ ဒသမ ၉ သန်း အထိ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီရောဂါ ဖြစ်ပွားမှုရဲ့   ၅၀    ရာခိုင်နှုန်းကျော်ဟာ အိုရိုမီယာဒေသမှ ဖြစ်ပါတယ်။ ဝက်သက် ရောဂါဖြစ်ပွားမှုမှာကြည့်ရင်     ယခုနှစ် ဇန်နဝါရီ  ၁ ရက်မှ   အောက်တိုဘာ ၂၉ ရက်အထိ သေဆုံးသူ ၁၅၉ ဦးအပါအဝင် ရောဂါဖြစ်ပွားသူပေါင်း  ၂၀၇၈၂ ဦးအထိ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။  
ဒါ့အပြင်    အီသီယိုးပီးယားနိုင်ငံမှာ သဘာဝနဲ့     လူလုပ်ကပ်ဘေးကြောင့် ကလေးငယ် ၇ ဒသမ ၆  သန်း   စာသင် ကြားရခြင်းမရှိဘူးလို့        ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)  က    ဆိုပါတယ်။   အီသီယိုးပီးယားနိုင်ငံ ဒေသအချို့မှာ       ပဋိပက္ခဆက်လက်      ဖြစ်ပွားနေတဲ့အတွက်      ကလေးတွေရဲ့    ပညာသင်ကြားခွင့်          အနှောင့်အယှက် ဖြစ်စေတယ်လို့ ဆိုပါတယ်။  


 ရန်ပုံငွေလိုအပ်


အီသီယိုးပီးယား ၂၀၂၃ လူသားချင်း စာနာထောက်ထားမှု တုံ့ပြန်ဆောင်ရွက် ရေး အစီအစဉ်ရဲ့ ရန်ပုံငွေ ကောက်ခံရရှိ မှုမှာ ၁၁ လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၃ ဘီလီယံသာ   ရရှိသေးတဲ့ အတွက် ရန်ပုံငွေလိုအပ်ချက် စုစုပေါင်း ၃ ဒသမ ၉၉ ဘီလီယံနဲ့နှိုင်းစာရင် ၆၆ ဒသမ ၇ ရာခိုင်နှုန်းနီးပါး ကွာဟနေတယ် လို့          ထုတ်ပြန်ချက်မှာ        ဖော်ပြထား ပါတယ်။     ။
ကိုးကား-ဆင်ဟွာ