အီသီယိုပီးယားနိုင်ငံ၌ လက်ရှိဘဏ္ဍာနှစ် ပထမနှစ်ဝက်တွင် စိုက်ပျိုးရေးပို့ကုန်မှ ကန်ဒေါ်လာ ၁ ဘီလီယံခန့် ရရှိ

 

အဒစ္စအဘာဘာ  ဖေဖော်ဝါရီ  ၁၄
ဇူလိုင်  ၈ ရက်တွင်  စတင်ခဲ့သော အီသီယိုပီးယားနိုင်ငံ၏  လက်ရှိ  ၂၀၂၂-၂၀၂၃   ဘဏ္ဍာနှစ်    ပထမ နှစ်ဝက်အတွင်း      စိုက်ပျိုးရေး ထုတ်ကုန်များတင်ပို့မှုမှ   အမေ ရိကန်ဒေါ်လာ     တစ်ဘီလီယံ ဝန်းကျင်ခန့် ရှာဖွေနိုင်ခဲ့ကြောင်း အီသီယိုပီးယားအစိုးရက ဖေဖော် ဝါရီ   ၁၃   ရက်တွင်      ထုတ်ပြန် ကြေညာခဲ့သည်။ 
အီသီယိုပီးယား        နိုင်ငံ၏ ပို့ကုန်ဝင်ငွေအများစုမှာ  ကော်ဖီ၊ လက်ဖက်၊        ဟင်းခတ်အမွှေး အကြိုင်၊ သစ်သီးဝလံထုတ်ကုန် များအပြင်  အသားနှင့်  နို့ထွက် ပစ္စည်းများမှ ရရှိကြောင်း အီသီ ယိုပီးယား  စိုက်ပျိုးရေးဝန်ကြီး ဌာနမှ  တာဝန်ရှိသူများ၏  ပြော ကြားချက်ကို    နိုင်ငံပိုင်   ရုပ်သံ လွှင့်ဌာန    (အက်ဖ်ဘီစီ)   က ကိုးကားဖော်ပြသည်။   ကော်ဖီ၊   လက်ဖက်နှင့်      ဟင်းခတ်အမွှေး အကြိုင်   တင်ပို့မှုများမှ   ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၆၄  သန်း ဖြင့်    အများဆုံးရရှိပြီး   ပန်းနှင့် အခြားသစ်သီးဝလံ         ထုတ်ကုန် တင်ပို့မှုများမှ အမေရိကန်ဒေါ်လာ   ၃၅၆  သန်း  ရရှိကြောင်း၊  ထို့ပြင်    အသားနှင့် နို့ထွက်ပစ္စည်း  တင်ပို့ မှုမှ အမေရိကန်ဒေါ်လာ ၅၂  သန်း ဝန်းကျင်ခန့်ရရှိကြောင်း  အဆိုပါ ဝန်ကြီးဌာနက ပြောသည်။ 
ကော်ဖီသည် အီသီယိုပီးယား နိုင်ငံ၏ အဓိကတင်ပို့သောကုန်စည် ဖြစ်ပြီး  အီသီယိုပီးယားနိုင်ငံ၏ ယခင်    ၂၀၂၁-၂၀၂၂    ဘဏ္ဍာနှစ် အတွင်း    ကော်ဖီမက်ထရစ်တန် ၃၀၀၀၀၀ တင်ပို့မှုမှ  ဝင်ငွေ အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ အထိ   စံချိန်တင်   ရရှိခဲ့ကြောင်း သိရသည်။                 
  ဆင်ဟွာ