
အဒစ္စအဘာဘာ ဖေဖော်ဝါရီ ၂၁
အီသီယိုပီးယားနိုင်ငံ၌ နိုင်းမြစ်ပေါ်တွင် တည်ဆောက်ထားသည့် ဆည်တစ်ခုမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစတင်နေပြီဟု သိရသည်။ အီဂျစ်နိုင်ငံကဲ့သို့သော အခြားသော နိုင်ငံများက ကန့်ကွက်မှုများ ရှိနေသော်လည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကိုစတင်နေပြီ ဖြစ်သည်။
အီဂျစ်နိုင်ငံအပါအဝင် အခြားသောနိုင်ငံများမှာ အဆိုပါဆည်တည်ဆောက်မှုကြောင့် ၎င်းတို့နိုင်ငံ များသို့ ရေရရှိမှုနည်းပါးသွားမည်ကို စိုးရိမ်နေကြရသည်။ အီသီယိုးပီးယားနိုင်ငံတွင် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ၂၀၁၁ ခုနှစ်မှစတင်ကာ အငြင်းပွားဖွယ် ဆည်ကို တည်ဆောက်နေခဲ့ခြင်း ဖြစ်သည်။ အီသီယိုပီးယားနိုင်ငံအတွင်း လူဦးရေ၏ ထက်ဝက်နီးပါးမှာ လျှပ်စစ် ဓာတ်အားပြတ်တောက်မှုနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟုဆိုကာ အဆိုပါဆည်ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဆည်ကြီးတည်ဆောက် ပြီးစီးသွားသည့်အခါ အာဖရိကတိုက်ရှိ အကြီးဆုံးရေအားလျှပ်စစ် ထုတ်လုပ်သည့် ဆည်ဖြစ်နိုင်ကြောင်း မျှော်လင့်ထားကြသည်။
အဆိုပါဆည်ဖွင့်ပွဲအခမ်းအနား၌ အီသီယိုပီးယားဝန်ကြီးချုပ် အဘီအာမက် အလီက ၎င်းတို့နိုင်ငံရှိ အမှောင်အတွင်းနေထိုင်ရသည့် လူဦးရေ ၆၀ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အားပေးစွမ်းနိုင်တော့မည်ဟု ပြောသည်။ အီဂျစ်နှင့် ဆူဒန်နိုင်ငံတို့ကမူ အဆိုပါဆည် တည်ဆောက်မှုစီမံကိန်းကြောင့် ၎င်းတို့နိုင်ငံများတွင် ရေရှိမှုနည်းပါးသွားမည်ကို စိုးရိမ်နေကြသည်။
အင်န်အိတ်ချ်ကေ