အီသီယိုးပီးယားအရှေ့ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်း၊ အိမ်ထောင်စုပေါင်း ၁၂၀၀၀ ခန့် ပြောင်းရွှေ့

 

အဒစ္စအဘာဘာ    နိုဝင်ဘာ   ၁၄ 


အီသီယိုးပီးယား   အရှေ့ပိုင်းဒေသဖြစ်သော    ဆိုမာလီတွင်  မိုးသည်းထန်စွာ    ရွာသွန်းခဲ့သောကြောင့် အိမ်ထောင်စု  ၁၂၀၀၀  ခန့်  ပြောင်းရွှေ့ခဲ့ရကြောင်း  ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က  မကြာသေးမီက ကြေညာလိုက်သည်။ 


အရှေ့အာဖရိက  ရာသီဥတု  သုံးသပ်ချက်တွင် ကုလသမဂ္ဂအေဂျင်စီတစ်ခုဖြစ်သော ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်က မိုးသည်းထန်စွာ ရွာသွန်းခြင်း ကြောင့်   လျှပ်တစ်ပြက်  ရေကြီးခြင်းဖြစ်ပွားခဲ့ရာ လူ  ၂၀  ခန့် သေဆုံးခဲ့ကြောင်း  ပြောကြားခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် အဆိုပါဒေသ တွင် လူပေါင်းထောင်ချီ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ခဲ့ပြီးဖြစ်သည်။

 
ထို့အပြင်    အီသီယိုးပီးယား   အရှေ့ပိုင်းတွင် မိုသည်းထန်စွာ   ရွာသွန်းခြင်းကြောင့်    လမ်းနှင့် တံတားများလည်း   ပျက်စီးခဲ့ကြောင်းနှင့်    ထိုသို့ ပျက်စီးခဲ့သောကြောင့် ဒုက္ခသည်ကူညီထောက်ပံ့ ရေး ပစ္စည်းများပေးပို့ခြင်းတွင် အဟန့်အတားဖြစ်နေ ကြောင်း၊   ထို့အပြင်  မွေးမြူရေးနှင့်  စိုက်ပျိုးရေး လုပ်ငန်းများလည်း များစွာနစ်နာဆုံးရှုံးခဲ့ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ပြောသည်။ 
စက်တင်ဘာနှောင်းပိုင်းတွင် အီသီယိုးပီးယား တောင်ပိုင်းတွင်   မိုးသည်းထန်စွာ   ရွာသွန်းခြင်း ကြောင့်  လူပေါင်း  ၄၀၀၀၀  ကျော်  ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ကြောင်း၊   ထို့အပြင်  အီသီယိုးပီးယား တစ်ဝန်း  ရာသီဥတုအခြေအနေမှာ ပိုမိုဆိုးရွားလာ ဖွယ်ရှိကြောင်းနှင့် ရေကြီးခြင်းသည် အချိန်တစ်ခု အထိ    ကြာသွားနိုင်ကြောင်း   ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ဆက်လက်ပြောကြားခဲ့သည်။ 


အာဖရိကဦးချိုဒေသနိုင်ငံများအဖြစ်တင်စားခေါ်ဝေါ်သော အီသီယိုးပီးယားနှင့် အိမ်နီးချင်းနိုင်ငံ များဖြစ်သော ကင်ညာနှင့် ဆိုမာလီယာနိုင်ငံတို့တွင် အောက်တိုဘာလမှ    ဒီဇင်ဘာလအထိ     မိုးများ သည်းထန်စွာ ရွာသွန်းမည်ဖြစ်ပြီး လူသန်းပေါင်း များစွာ     ရေဘေးဒုက္ခကြုံတွေ့မည်ဟု       ခန့်မှန်း ထားသည်။ 


 ဆင်ဟွာ