
အဒစ္စအဘာဘာ စက်တင်ဘာ ၈
အီသီယိုပီးယားနိုင်ငံ၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ရွှေတင်ပို့ မှုမှ ဝင်ငွေအမေရိကန် ဒေါ်လာ သန်း ၅၆၀ ကျော် ရရှိခဲ့ကြောင်း အီသီယိုပီးယားအာဏာပိုင်များက စက်တင်ဘာ ၇ ရက်တွင် ပြော ကြားသည်။
နိုင်ငံ အနောက်တောင်ပိုင်း အိုရိုမီယာ၊ ဘင်နီရှန်ဂူ-ဂူမက်ဇ် နှင့် ဂန်ဘယ်လာဒေသအတွင်း သတ္တုတွင်းလုပ်ငန်းများမှ ရွှေ အမြောက်အမြားကို တင်ပို့နိုင်ခဲ့ ကြောင်း အီသီယိုပီးယားသတ္တု တွင်းဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး သောမတ်တူးက ပြောကြားသည်။
အီသီယိုပီးယားနိုင်ငံမှ ဒေသ လေးခုကို သတ္တုတူးဖော်ရေးကဏ္ဍ မှ အများသူငှာ အကျိုးပြုနိုင်စေရန် အဖွဲ့အစည်းနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုဖြင့် ဝန်ကြီးဌာနက ကူညီပေးနေကြောင်း ပြည်နယ် ဝန်ကြီး တူး က ဆက်လက်ပြော သည်။
အီသီယိုပီးယား နိုင်ငံသည် မကြာသေးမီနှစ်များ အတွင်းက တရားမဝင်သတ္တု တူးဖော်ရေး လုပ်ငန်းများကို တိုက်ဖျက်ရန် အစုလိုက် လှုံ့ဆော်မှုတစ်ခုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အီသီယိုပီးယားနိုင်ငံ သည် မကြာသေးမီ နှစ်များအတွင်း အဆိုပါကဏ္ဍမှ ၎င်း၏ ဝင်ငွေကို မြှင့်တင်ရန် သတ္တုတွင်းကဏ္ဍတွင် အဓိက ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ