
တီဟီရန် ဇန်နဝါရီ ၁၆
အီရန်နိုင်ငံရှိ စစ်ဘက်ဆိုင်ရာ အထူးတပ်ဖွဲ့ခွဲတစ်ခုက လက်တုံ့ပြန်သည့်အနေဖြင့် အီရတ်ရှိ အစ္စရေး ထောက်လှမ်းရေးအေဂျင်စီအခြေစိုက်စခန်းတစ်ခုကို ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြထားသည်။
အီရတ်နိုင်ငံ ကာဒစ္စတန်ဒေသရှိ မော့ဆက်ဒ်၏ အဓိက သူလျှိုဌာနချုပ်များထဲမှ တစ်ခုကို ပစ်မှတ် ထားတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဇန်နဝါရီ ၁၆ ရက် တွင် ထုတ်ပြန်ချက်တွင် ပြောသည်။
ရုပ်သံဖိုင်၌ တိုက်ခိုက်မှုဖြစ်ပွားရာနေရာဟု ယူဆရသည့်နေရာမှ အမှောင်ထုထဲတွင် မီးတောက် မီးခိုးလုံးများ လွင့်တက်လာသည်ကို တွေ့ရသည်။ ဒီဇင်ဘာလတွင် ဆီးရီးယား၌ စစ်ဘက်ဆိုင်ရာ အကြံပေးအဖြစ် ဆောင်ရွက်နေသော အကြီးတန်း တော်လှန်ရေး အစောင့်တပ်ဖွဲ့ဝင်တစ်ဦးနှင့် အခြား နှစ်ဦးမှာ အစ္စရေးဒုံးကျည် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း အီရန်က ပြောသည်။
ဂါဇာကမ်းမြောင်ဒေသ အခြေအနေအပေါ် အစ္စလာမ္မစ်အဖွဲ့ ဟားမားစ်ကို အီရန်က ထောက်ခံ ကြောင်းနှင့် အစ္စရေးအပေါ် ရန်လိုမှု မြင့်တက်လာ ကြောင်း သိရသည်။ အစ္စရေးနှင့် အီရန်နိုင်ငံတို့ အကြား လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြင်းထန်လာ နိုင်မှုအပေါ် စိုးရိမ်မှုများမြင့်တက်လျက်ရှိသည်။
အင်န်အိတ်ချ်ကေ