အီရတ်နှင့် ဆီးရီးယားရှိ အီရန် ကျောထောက်နောက်ခံပြုထားသည့်နေရာများကို အမေရိကန် တိုက်ခိုက်

 

ဝါရှင်တန် ဖေဖော်ဝါရီ ၃


အီရတ်နှင့်   ဆီးရီးယားတို့တွင် လေကြောင်း   တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု  အမေရိကန် ဗဟိုကွပ်ကဲရေးဌာနက   ကြေညာ ခဲ့သည်။ အီရန်နိုင်ငံ၏ အစ္စလာမ္မစ် တော်လှန်ရေး   အစောင့်တပ်နှင့် ဆက်နွှယ်နေသည့်       ပြည်သူ့စစ် အဖွဲ့များကို   ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ခြင်း      ဖြစ်သည်။   အဆိုပါ          တိုက်ခိုက်မှုကို ဖေဖော်ဝါရီ ၂ ရက် အမေရိကန် အရှေ့ပိုင်းစံတော်ချိန်   ညနေ   ၄ နာရီက     ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၈၅ နေရာကျော်ကို ပစ်မှတ်ထားကာတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု  အမေရိကန်    ဗဟိုကွပ်ကဲရေး ဌာနကပြောသည်။ 


ပြည်သူ့စစ်      အုပ်စုများ၏ စစ်ဆင်ရေးကွပ်ကဲသည့်  နေရာ များနှင့်   ထိန်းချုပ်သည့်နေရာများ ကို ပစ်မှတ်ထားကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ဒုံးကျည်နှင့် ဒရုန်း များထားရှိသည့်   နေရာများကို လည်း တိုက်ခိုက်ခဲ့သည်ဟု  သိရ သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဂျော်ဒန်နိုင်ငံရှိ  အမေရိကန်  စစ် စခန်းကို  ဒရုန်းဖြင့်  တိုက်ခိုက်မှု ကြောင့် အမေရိကန် တပ်ဖွဲ့ဝင်သုံးဦးသေဆုံးသွားခဲ့ပြီး   ယင်း ဖြစ်ရပ်ကို      လက်တုံ့ပြန်သည့် အနေဖြင့် ယခုကဲ့သို့   ပြန်လည် တိုက်ခိုက်ခဲ့ခြင်း        ဖြစ်ကြောင်း  အမေရိကန်        အစိုးရအရာရှိ တစ်ဦးက     အင်န်အိတ်ချ်ကေသို့    ပြောသည်။ 


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က   ၎င်း၏   ညွှန်ကြားမှုဖြင့်  အမေရိကန်        တပ်ဖွဲ့သည် အီရတ်နှင့်ဆီးရီးယားရှိ    အီရန်   အစ္စလာမ္မစ်          တော်လှန်ရေး အစောင့်တပ်နှင့်      ဆက်နွှယ်နေ သည့် ပြည်သူ့စစ်များ၏  နေရာ များကို          ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့သည်ဟု ကြေညာ ချက်တွင်      ဖော်ပြထားသည်။


အမေရိကန်သည်   အရှေ့ အလယ်ပိုင်းဒေသ  သို့မဟုတ် ကမ္ဘာပေါ်ရှိ          အခြားသော  မည်သည့်နေရာတွင်      မဆို   ပဋိပက္ခများ        ကြီးထွားလာ ရန်     မပြုလုပ်လိုသော်လည်း အမေရိကန်ကို ထိခိုက်လာပါက  ပြန်လည်လက်တုံ့ပြန်သွားမည် ဟု  ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။ 


အင်န်အိတ်ချ်ကေ