
ရန်ကုန် ဩဂုတ် ၂၂
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပ တွင်ရောက်ရှိနေသည့် အမိနိုင်ငံ သားများ အခက်အခဲကြုံတွေ့ရပါ က နိုင်ငံသားများအပေါ် အလေး အနက် တန်ဖိုးထားသည့်အနေ ဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာ သံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ် ရုံးတို့သည် သက်ဆိုင်ရာသံရုံးများ နှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံးအေးချမ်း လုံခြုံစွာ ပြန်လည်ရောက်ရှိနိုင် ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ အီရတ်နိုင်ငံ ကာဒစ်စတန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Erbil မြို့တွင် အခက်အခဲကြုံတွေ့နေရ သည့် မြန်မာနိုင်ငံသူ မလွင်လွင် ကြည်အား အမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန် ကိုင်ရိုမြို့ ရှိ မြန်မာသံရုံးသည် အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေး အဖွဲ့ (IOM)၊ အီရတ်အာဏာပိုင် နှင့် ရွှေ့ပြောင်းအလုပ်သမားများ အရေး ကူညီဆောင်ရွက်ပေးနေ သည့် လူမှုရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး အီရတ် နိုင်ငံ ကာဒစ်စတန်ဒေသ အခြေ စိုက် SEED လူမှုကူညီရေးအဖွဲ့ အစည်းတို့နှင့် ပူးပေါင်းဆောင်ရွက် ၍ မလွင်လွင်ကြည်အား ပိတ် လှောင်ခံထားရသည့် အေဂျင်စီရုံး မှ ကယ်တင်ခဲ့သည့်အပြင် IOM နှင့် SEED အဖွဲ့အစည်းများက လည်း အီရတ်နိုင်ငံ၏ ပြည်တွင်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ မြန်မာသံရုံးနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရာ မလွင်လွင်ကြည် သည် ဩဂုတ် ၁၈ ရက် ဒေသ စံတော်ချိန် နံနက် ၇ နာရီ ၀၅ မိနစ် တွင် အီရတ်နိုင်ငံ Erbil မြို့မှ တူကီယဲနိုင်ငံ Istanbul မြို့ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး ထိုမှ တစ်ဆင့် ဘန်ကောက် - ရန်ကုန် လေကြောင်းခရီးစဉ်ဖြင့် မြန်မာ နိုင်ငံသို့ ထွက်ခွာခဲ့ရာ ယနေ့ ည ၉ နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
အရှေ့အလယ်ပိုင်း နိုင်ငံများ တွင် အခက်အခဲများကြုံတွေ့နေ ရသည့် မြန်မာနိုင်ငံသားများ အမိ နိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ် ရုံးတို့အနေဖြင့် ကူညီဆောင်ရွက် ပေးလျက်ရှိပြီး နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်ပတွင် အလုပ်လုပ် ကိုင်စဉ် အခက်အခဲကြုံတွေ့ရ သည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးနှင့် မြန်မာကောင်စစ် ဝန်ချုပ်ရုံးတို့မှ ညှိနှိုင်းကူညီ ဆောင်ရွက်မှုဖြင့် အမိနိုင်ငံ သို့ ပြန်လည်ခေါ်ဆောင်ပေးလျက် ရှိရာ ယခုကဲ့သို့ အမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီ ကယ်တင်ပေးမှုအား အလုပ်သမား နှင့် မိဘဆွေမျိုးများက နိုင်ငံတော် အစိုးရ၊ မြန်မာသံရုံးနှင့် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးတို့အား လှိုက် လှဲစွာ အထူးကျေးဇူးတင်လျက် ရှိကြောင်း သိရသည်။
ဓာတ်ပုံ-ကနူး
ညိမ်းသူ(သတင်းစဉ်)