အီရတ်နိုင်ငံမြောက်ပိုင်း မင်္ဂလာဆောင်ခန်းမ မီးလောင်မှုဖြစ်ပွား လူပေါင်း ၁၁၄ ဦးကျော် သေဆုံးပြီး ၂၀၀ ကျော်ဒဏ်ရာရ

 

ဘဂ္ဂဒက်    စက်တင်ဘာ    ၂၇ 


အီရတ်နိုင်ငံမြောက်ပိုင်း နီနက်ဗာ ပြည်နယ် အယ်လ်ဟမ်ဒါနီယာမြို့ မင်္ဂလာခန်းမတွင်      မီးအကြီး အကျယ်      လောင်ကျွမ်းခဲ့သော ကြောင့် လူပေါင်း ၁၁၄ ဦးကျော် အထိ သေဆုံးခဲ့ပြီး  ၂၀၀  ကျော် ဒဏ်ရာရရှိခဲ့ကြောင်း    နီနက်ဗာ ပြည်နယ်        အုပ်ချုပ်ရေးမှူး နမ်အယ်လ်ဂျူဘိုရီက     သတင်း ထောက်များကို   စက်တင်ဘာ ၂၇ ရက်က ပြောကြားခဲ့သည်။ 


ပြည်နယ် မြို့တော်မိုဆူးလ် အရှေ့တောင်ဘက်   ၃၅   ကီလို မီတာအကွာ အယ်ဟမ်ဒါနီယာ မြို့ အယ်ဟေသန်မင်္ဂလာခန်းမ၌  စက်တင်ဘာ  ၂၆  ရက်  ညတွင် မီးလောင်မှု    ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း       အီရတ်အရပ်ဘက် ကာကွယ်ရေးအဖွဲ့ကို ကိုးကား ပြီး အီရတ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။    မင်္ဂလာဆောင် အတွင်း     မီးရှူးမီးပန်းများကို သုံးခဲ့ကြောင်းနှင့်              ယင်းက မီးလောင်မှု        ဖြစ်ပွားရသည့် အကြောင်းရင်း   ဖြစ်နိုင်ကြောင်း  ကနဦး      သတင်းတွင်    ဖော်ပြ ထားသည်။ 


အဆိုပါ  အဆောက်အအုံကို  မီးလောင်လွယ်သည့်  ပစ္စည်းများ ဖြင့်     ပြုလုပ်ထားပြီး     ယင်းက မီးလောင်မှုအရှိန်ကို     ပိုကောင်း စေကာ   အဆောက်အအုံ    ပြိုကျ သည်အထိ      ဖြစ်စေခဲ့ကြောင်း အီရတ်သတင်းအေဂျင်စီက ပြော သည်။

      မီးလောင်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးလျက်   ရှိကြောင်း လည်းသိရသည်။     ကျန်းမာရေး ဝန်ကြီးဌာန    ပြောရေးဆိုခွင့်ရှိသူ ဆေးအယ်ဘက်ဒါက မီးလောင် မှုကို     ထိန်းချုပ်နိုင်လိုက်ပြီဖြစ် ကြောင်းနှင့်     အခြေအနေကို အနီးကပ်    ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း ပြောခဲ့သည်။ 


ဝန်ကြီးချုပ် မိုဟာမက်ရှီယာ အယ်ဆူဒါနီသည်      နီနက်ဗာ ပြည်နယ်      အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်ပြီး အခြေအနေအရပ်ရပ် ကို သုံးသပ်လေ့လာခဲ့ကာ ပြည်ထဲ ရေးနှင့်       ကျန်းမာရေးဝန်ကြီး များအား  မီးလောင်ဒုက္ခသည်များ ကို    ကူညီရန်    လိုအပ်သောပံ့ပိုး မှုများ ပြုလုပ်ပေးရန် အမိန့်ပေး ခဲ့သည်။ 


ဆင်ဟွာ