
တီဟီရန် ဖေဖော်ဝါရီ ၂၀
အီရန်နိုင်ငံနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများ ဩစတြီးယားနိုင်ငံ ဗီယင် နာမြို့၌ ဆွေးနွေးပွဲပြုလုပ်စဉ် အတွင်း အီရန်နိုင်ငံအပေါ် စီးပွား ရေးပိတ်ဆို့ထားမှု ဖယ်ရှားပေးရေး အပါအဝင် ကတိကဝတ်များ အတိုင်း အကောင်အထည်ဖော် ရေးကိစ္စရပ်များနှင့် ပတ်သက်၍ သဘောတူညီမှု မရရှိခဲ့ကြောင်း အီရန်သမ္မတ အီဘရာ ဟင်ရိုင်စီက ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောသည်။
အီရန်သမ္မတက ပြင်သစ် သမ္မတ အီမန်နျူရယ်မက်ခရွန်ထံ ဖုန်းပြောဆို ဆွေးနွေးနေစဉ် အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။ ဆွေးနွေး ညှိနှိုင်းစဉ်အတွင်း အီရန်နိုင်ငံ သည် ခိုင်မာသည့် ကမ်းလှမ်းမှုများ လုပ်ဆောင်ခဲ့သည်ဟု ပြောသည်။
အီရန်နိုင်ငံနှင့် ပြည်သူများ အပေါ် နိုင်ငံရေးဖိအားများ ဆက် လက်ပေးပါက ၂၀၁၅ ခုနှစ် အီရန် နျူကလီးယား သဘောတူညီမှုကို ပျက်ပြားစေရန် လုပ်ဆောင်မှုပင် ဖြစ်သည်ဟု အီရန်သမ္မတက သတိပေးပြောကြားခဲ့သည်။
ပြင်သစ်သမ္မတ မက်ခရွန် ကလည်း ဗီယင်နာမြို့ ဆွေးနွေးပွဲ တွင် ကောင်းမွန်သည့် တိုးတက် မှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း ဖြစ်နိုင်သမျှ စောစောနိဂုံးချုပ်နိုင် မည်ဟုလည်း မျှော်လင့်ကြောင်းပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ် ဧပြီလမှ စတင်ကာ ဗီယင်နာမြို့ တွင် အီရန်နိုင်ငံနှင့် ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနိုင်ငံတို့ ရှစ်ကြိမ်တိုင်တိုင် ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးဖြစ်သည်။
ဆင်ဟွာ