
တီဟီရန် စက်တင်ဘာ ၈
အီရန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၆၈၅၄ ဦး ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၅၂၁၀၉၇၈ ဦး ရှိလာကြောင်း အီရန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်သည်။
အီရန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၅၃၈ ဦး ထပ်တိုးလာခြင်းကြောင့် သေဆုံးသူပေါင်း ၁၁၂၄၃၀ ရှိလာကြောင်း အီရန်နိုင်ငံ ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် နောက်ဆုံးအချက် အလက်များအရ သိရသည်။
အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူပေါင်း ၄၄၅၃၆၅၁ ဦးရှိကြောင်းနှင့် အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါးကုသမှုခံယူလျက်ရှိသူပေါင်း ၇၅၃၄ ဦးရှိကြောင်း သိရသည်။
အီရန်နိုင်ငံ၌ လက်ရှိအချိန်အထိ ပြည်သူ ၂၀၅၅၈၀၃၈ ဦးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်းနှင့် ၁၀၈၉၂၆၅၆ ဦးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
အီရန်နိုင်ငံသည် မကြာသေးသည့်ကာလအတွင်းက ဒယ်လ်တာဗီဇပြောင်းကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်ခြင်းနှင့် ရင်ဆိုင်ခဲ့ရကြောင်းလည်း သိရသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်