အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၅ ဒသမ ၈၆ သန်းကျော်ရှိလာ

တီဟီရန်   အောက်တိုဘာ ၂၆

အီရန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ ၇၅၁၆ ဦး ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကူးစက် ခံရသူစုစုပေါင်း ၅၈၆၈၃၆၀ ရှိလာကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

ထို့ပြင်   အီရန်နိုင်ငံ၌   လွန်ခဲ့သည့် တစ်ရက်အတွင်း    ကိုဗစ်-၁၉ ရောဂါ ကြောင့်  သေဆုံးသူ ၁၄၀ ရှိခြင်းကြောင့် လက်ရှိတွင် သေဆုံးသူစုစုပေါင်း ၁၂၅၃၆၃ ဦး  ရှိလာကြောင်း သိရသည်။

အီရန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏   ပြောကြားချက်အရ  အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာ သဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ စုစုပေါင်း ၅၄၂၉၉၈၂ ရှိလာကြောင်းနှင့် အထူးကြပ်မတ်     ကုသဆောင်များ၌ ဆေးဝါးကုသမှုခံယူလျက်ရှိသူစုစုပေါင်း ၄၂၅၆ ဦးရှိကြောင်း သိရသည်။


အီရန်နိုင်ငံ၌     ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်    ထိုးနှံပြီးသူ စုစုပေါင်း ၅၁၁၅၈၈၅၈ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူ  စုစုပေါင်း   ၃၀၁၃၉၄၀၀   ရှိ ကြောင်း သိရသည်။   


 ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်