အီရန်နိုင်ငံက ပြည်တွင်းထုတ် ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေးစနစ်နှင့် လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ပြသ

 

တီဟီရန်  ဖေဖော်ဝါရီ  ၁၇


ပဲ့ထိန်းဒုံးကျည်   ကာကွယ်ရေး စနစ်နှင့်  အနိမ့်ပိုင်းလေကြောင်း ရန်     ကာကွယ်ရေးစနစ်တို့ကို အီရန်ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြသခဲ့ ကြောင်း အိုင်အာအင်န်အေသတင်း ဌာနတွင် ဖော်ပြသည်။ 


ပြည်တွင်း၌ပင်     ထုတ်လုပ် ထားသည့်   အာမန်ဟု   အမည် ပေးထားသော   ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးစနစ်နှင့်    အက် ဇရက်ရှ်ဟု  အမည်ပေးထားသော လေကြောင်းရန်    ကာကွယ်ရေး စနစ်တို့ကို    အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် ပြုလုပ်သည့်အခမ်း အနား၌   ပြသခဲ့သည်။    


အဆိုပါ    အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီး မိုဟာမက် ရီဇာ အက်ရှ်တီယာနီ တက်ရောက် သည်။     အဆိုပါ      စနစ်နှစ်ခုမှာ ကာကွယ်ရေးဌာန၏   ကြီးမား သော အောင်မြင်မှုပင်ဖြစ်ကြောင်း  အီရန်    ကာကွယ်ရေးဝန်ကြီးက ပြောသည်။   


အာမန်စနစ်သည်    ပစ်မှတ် ကို    ၁၈၀    ကီလိုမီတာအကွာတွင်  ထောက်လှမ်းနိုင်ပြီး  ၁၂၀  ကီလို မီတာအတွင်း    ဖျက်ဆီးပစ်နိုင် သည်။  အာမန်စနစ်သည် သုံးမိနစ် အတွင်း  လည်ပတ်ရန် အသင့်ဖြစ် နိုင်သည်ဟု   ၎င်းက   ဆက်ပြော သည်။ 


အက်ဇရက်ရှ်စနစ် လေကြောင်း ရန် ကာကွယ်ရေးစနစ်သည်  နိုင်ငံ ၏   အရေးကြီးသည့်  အဆောက် အအုံများကို ဒရုန်းများနှင့် အသေး စားလေယာဉ်များ၏   အန္တရာယ် မှ အကာအကွယ်ပေးနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။ 


ဆင်ဟွာ