
တီဟီရန် ဒီဇင်ဘာ ၃၁
ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းက အီရန်နိုင်ငံ တီဟီရန်ရှိ အီမန်ခို မိုင်နီအပြည်ပြည်ဆိုင်ရာလေဆိပ် အနီး၌ ဘတ်စ်ကားနှစ်စီး တိုက်မှု ဖြစ်ပွားရာ ခရီးသည်တစ်ဦး သေဆုံးပြီး ၃၇ ဦး ထိခိုက် ဒဏ်ရာရရှိကြောင်း Tasnim သတင်းဌာန၏ အစီရင်ခံတင်ပြမှု အရ သိရသည်။
အရေးပေါ်ဌာနများသို့ ပို့ဆောင်
ထို့အပြင် ထိခိုက်ဒဏ်ရာရရှိ သူများထဲမှ ၁၁ ဦးမှာ စိုးရိမ်ရအခြေ အနေတွင်ရှိကြောင်း လေဆိပ် ရဲချုပ်၏ ပြောကြားချက်ကို အဆိုပါ သတင်းဌာနက ကိုးကား ဖော်ပြသည်။ ထိခိုက်ဒဏ်ရာရရှိ သူအားလုံးကို ဒေသဆိုင်ရာ အရေးပေါ်ဌာနများသို့ ပို့ဆောင် ထားကြောင်း သိရသည်။
အခြားဘတ်စ်ကားကို ဝင်တိုက်
ပင်ပန်းပြီး အိပ်ငိုက်နေသော ယာဉ်မောင်းက ရှေ့တွင်ရှိသော အခြားဘတ်စ်ကားကို ဝင်တိုက် မိသောကြောင့် ယာဉ်မတော်တဆ မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ရဲချုပ် က ပြောသည်။ ဆင်ဟွာ