အီရန်၏ ဒုံးကျည်နှင့် ဒရုန်းများ ပစ်လွှတ်တိုက်ခိုက်မှု ၉၉ ရာခိုင်နှုန်းခန့် ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးပြောကြား

 

ဂျေရုဆလင်   ဧပြီ   ၁၄
အီရန်နိုင်ငံသည်  အစ္စရေးနိုင်ငံသို့   ဧပြီ    ၁၃    ရက် နှောင်းပိုင်းက  ပစ်လွှတ်ခဲ့သည့်  ဒုံးကျည်နှင့် ဒရုန်း အစင်း  ၃၀၀  ကို အစ္စရေးက  ၉၉  ရာခိုင်နှုန်းခန့်  ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း   အစ္စရေးတပ်ဖွဲ့က   ဧပြီ   ၁၄  ရက်တွင် ပြောကြားသည်။
ဧပြီ ၁  ရက်က  ဒမတ်စကတ်မြို့၌ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အကြီးတန်းတပ်မှူး နှစ်ဦးအပါ အဝင်  အီရန်အရာရှိ   ခုနစ်ဦး   သေဆုံးမှုအတွက် အီရန်၏လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ပြီး ပေါက်ကွဲ သံများ၊   တိုက်လေယာဉ်များ   မောင်းနှင်သည့်    ဆူညံသံများနှင့်      လေကြောင်းတိုက်ခိုက်သံများ  အစ္စရေးနိုင်ငံတစ်ဝန်း ကြားခဲ့ရကြောင်း သိရသည်။
ထိခိုက်ပျက်စီးမှု အနည်းငယ်သာဖြစ်ပေါ်စေ ရေးအတွက်    မိမိတို့၏   မိတ်ဖက်များ၊   အမေရိကန်၊ အခြားနိုင်ငံများနှင့်အတူ ယင်းတိုက်ခိုက်မှုများကို တားဆီးဟန့်တားရန်     စီစဉ်ခဲ့ကြောင်း   အစ္စရေး ကာကွယ်ရေးဝန်ကြီး  ယော့ဗ်ဂဲလန့်က ပြောကြား သည်။ အီရန်က ဒရုန်း ၁၇၀ ခန့်၊ ခရုစ်ဒုံးကျည် ၃၀ ကျော်နှင့် ပဲ့ထိန်းဒုံးကျည် ၁၂၀ ကျော် ပစ်လွှတ်ခဲ့ ကြောင်း   အစ္စရေးကာကွယ်ရေးတပ်ဖွဲ့    (အိုင်ဒီ အက်ဖ်) မှ  ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ် ဟာဂရီ က  သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ယင်းနောက် အစ္စရေးလေပိုင်နက်ကို ခြောက်နာရီ ကျော်ကြာ ပိတ်ထားပြီးနောက် ဒေသစံတော်ချိန် နံနက် ၇ နာရီတွင်    ဖွင့်လှစ်ခဲ့ကြောင်း   အစ္စရေး လေဆိပ်အာဏာပိုင်အဖွဲ့က     ပြောကြားသည်။ ပြင်သစ်၊  ဗြိတိန်အပါအဝင်  အနောက်နိုင်ငံအများ အပြားက  အီရန်၏လက်တုံ့ပြန်မှုများကို    ပြစ်တင် ရှုတ်ချခဲ့ပြီး  ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တို နီယိုဂူတာရက်ဇ်က အဆိုပါတိုက်ခိုက်မှုမှာ ပြင်းထန် သည့်   တင်းမာမှုတစ်ခုဖြစ်ကြောင်း      ပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့သည်။
ဆင်ဟွာ