
နယူးယောက် မတ် ၁၁
အီရန်နှင့် ဆော်ဒီအာရေဗျနိုင်ငံ တို့အကြား သံတမန်ဆက်ဆံရေး ပြန်လည် ထူထောင်သည့်အပေါ် ကြိုဆိုကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောသည်။ အရှေ့အလယ်ပိုင်း ဒေသတွင် တင်းမာမှုများအရှိန် လျော့ကျသွားစေရေး အတွက် ကြိုးပမ်းအားထုတ်မှုမှန်သမျှကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုကြောင်း ကာဘီက မတ် ၁၀ ရက်က ပြောသည်။
တချိန်တည်းမှာပင် အီရန် သည် ၎င်းတို့၏ သဘောတူညီ ချက်များအတိုင်း အလေးထား ခြင်း ရှိ မရှိကို စောင့်ကြည့်ရဦး မည်ဟု ၎င်းက ပြောသည်။ ယင်းသဘောတူညီမှုသည် ဆော်ဒီ နှင့်အစ္စရေးတို့ ပုံမှန်ဆက်ဆံရေး လုပ်ဆောင်နိုင်ခြင်းကို ဖော်ဆောင် နိုင်ခြင်း ရှိ မရှိနှင့် လွှမ်းမိုး သက်ရောက်နိုင်မှု ရှိ မရှိမှာမူ မသဲကွဲသေးချေ။
အဆိုပါ လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်နိုင်ရေးကို မူ အမေရိကန်က ဆက်လက် ထောက်ခံပေးသွားမည်ဖြစ်သည်။
အစ္စရေးနှင့် အိမ်နီးချင်းအာရပ် နိုင်ငံများအကြား ဆက်ဆံရေးပိုမိုကောင်းမွန်လာခြင်းမှာ လူတိုင်း အတွက် ပိုမိုကောင်းမွန်သည့် အရာဖြစ်သည်ဟု အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က ပြောသည်။
အင်န်အိတ်ချ်ကေ