
သီပေါ ဇူလိုင် ၂၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်း နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အီလက်ထရွန်နစ်စနစ်ဖြင့် လူဦးရေ မှတ်ပုံတင်ခြင်းစနစ် ပုံစံ (၆၆/၆) များ e-ID ဆော့ဖ်ဝဲ ရိုက်သွင်းဆောင်ရွက် မှုလုပ်ငန်းများကို ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှူး ဦးတင်ကျော် ကြီးကြပ်မှုဖြင့် ကွန်ပျူတာကျွမ်းကျင် ဝန်ထမ်းများက ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ e-ID စနစ်ဖြင့် ကွန်ပျူတာ အတွင်း ရေးသွင်းခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ကျောက်မဲခရိုင် ခေတ္တစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယရဲမှူးကြီး နိုင်ထွန်းသူ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေနှင့် တာဝန်ရှိသူများ သွားရောက်အားပေးကြည့်ရှုပြီး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှူး ဦးမင်းမင်းဇော် နှင့် မြို့နယ်ဦးစီးမှူး ဦးထင်အောင်တို့ က ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ရှင်းလင်းပြသမှုကို လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသည်။
အဆိုပါ e-ID စနစ်ဖြင့် လူဦးရေ မှတ်ပုံတင်ခြင်း လုပ်ငန်းများကို လာမည့် စက်တင်ဘာလအတွင်း အပြီးသတ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
စိုင်း(သီပေါ)