အီကွေဒေါနိုင်ငံ၌ မြေပြိုမှုကြောင့် သေဆုံးသူ ၁၃ ဦးအထိရှိလာ

 

ကွီတို   မတ်   ၃၀


အီကွေဒေါနိုင်ငံအလယ်ပိုင်းချင်ဘို ရာဇိုပြည်နယ်၌ ပြီးခဲ့သည့် တနင်္ဂနွေ နေ့က မြေပြိုမှုဖြစ်ပွားရာ သေဆုံး သူစုစုပေါင်း ၁၃ ဦးအထိ မြင့်တက် လာကြောင်း  ရှေ့နေချုပ်ရုံးက   မတ် ၂၉ ရက်တွင် ပြောကြားသည်။

 


မြေပြိုမှု    ဖြစ်ပွားပြီးနောက် အပျက်အစီးများကြားတွင် သေဆုံး သူတစ်ဦးကို   ထပ်မံတွေ့ရှိခဲ့ရာ သေဆုံးသူပေါင်း  ၁၃  ဦးရှိပြီဖြစ် ကြောင်း  အေဂျင်စီက တွစ်တာမှ တစ်ဆင့်ပြောကြားသည်။ မြေပြိုမှု ကြောင့်  နေအိမ်  ၅၀  ထက်မနည်း နစ်မြုပ်ခဲ့ပြီး      အလက်စီဒေသ၏ အင်ဒီရန်ကျေးလက်ဒေသတွင်  ၂၄ ဒသမ ၃ ဟက်တာကျော် ပျက်စီး ခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု     အတွင်းရေးမှူးရုံးမှ ထုတ်ပြန်ထားသည်။ ကယ်ဆယ် ရေးသမားများ၊  တပ်မတော်သား များနှင့် ဒေသခံများက ပျောက်ဆုံး နေသူ ၆၇ ဦးကို အရှိန်မြှင့်ရှာဖွေနေ ကြောင်း သိရသည်။

 


မြေပြိုမှုကြောင့်    စုစုပေါင်း ၃၁  ဦး  ဒဏ်ရာရရှိခဲ့ပြီး   ၃၂    ဦး ကို    ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ လူပေါင်း ၅၀၀ ကျော်နှင့် အိမ်ခြေ ၁၆၃ လုံး ထိခိုက်ခဲ့ရကြောင်း မတ် ၂၈   ရက်ညက    ထုတ်ပြန်သည့် နောက်ဆုံးအစီရင်ခံစာအရ  သိရ သည်။              

ဆင်ဟွာ