အီဂျစ်နိုင်ငံတွင်ကျင်းပနေသည့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု ညီလာခံ သမ္မတဂျိုးဘိုင်ဒင် မိန့်ခွန်းပြောကြားမည်

 

ဝါရှင်တန် နိုဝင်ဘာ ၁၁


ယခု အီဂျစ်နိုင်ငံတွင်ကျင်းပနေသည့်  စီအိုပီ ၂၇  ခေါ် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု  ညီလာခံ တွင်  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပါဝင်မည်ဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက်တွင်   မိန့်ခွန်းပြောကြားမည်ဟု အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြသည်။  ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ကာဗွန်လျှော့ချရေးအတွက်       ဘဏ္ဍာ ရေးထောက်ပံ့မှုမူဘောင်သစ် အတွက်     အလေးထား ပြောကြားသွားမည်ဟု ခန့်မှန်းထားသည်။ 

 


ပြီးခဲ့သည့်နှစ် ဇန်နဝါရီလအတွင်း အမေရိကန်  သမ္မတ ဂျိုးဘိုင်ဒင် သမ္မတအဖြစ်တာဝန်ထမ်းဆောင် အချိန်မှစတင်ကာ        ရာသီဥတုပြောင်းလဲမှု  တိုက်ဖျက်ရေးတွင် ၎င်း၏ ဦးစားပေးအစီအစဉ်တစ်ခု ပင်ဖြစ်သည်။   အမေရိကန်သမ္မတ   ဂျိုးဘိုင်ဒင် လက်ထက်တွင်      ပါရီ       ရာသီဥတုညီလာခံသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။  အမေရိကန်သမ္မတ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင်   စီအိုပီ ၂၇ ၌ သမ္မတဂျိုးဘိုင်ဒင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

 


ကြားဖြတ်ရွေးကောက်ပွဲ        ရလဒ်များမှာ ပြည်နယ်အချို့တွင်   မသဲကွဲသေးပေ။  ရာသီဥတု ပြောင်းလဲမှုကိုတိုက်ဖျက်ရန်အတွက်  ပြီးခဲ့သည့် ဩဂုတ်လအတွင်း  ၎င်းလက်မှတ်ရေးထိုးခဲ့သည့် အမေရိကန်ဒေါ်လာ ၄၃၀ ဘီလီယံ တန်ဖိုးရှိ  ဥပဒေ ကြမ်းကို အာရုံစိုက်ကြရန် ဆွဲခေါ်သွားမည်ဟုလည်း မျှော်မှန်းရသည်။ 


အင်န်အိတ်ချ်ကေ