အီဂျစ်နိုင်ငံ၌ ကားအဆင့်ဆင့်တိုက်မှုဖြစ်ပွားခြင်းကြောင့် ၃၅ ဦးသေဆုံး၊ ၅၃ ဦးဒဏ်ရာရရှိ

 

ကိုင်ရို   အောက်တိုဘာ    ၂၈


အီဂျစ်နိုင်ငံ ဘီဟီးရာပြည်နယ် ကန္တာရလမ်းတစ်ခု၌  အောက်တို ဘာ ၂၈ ရက်က ကားအဆင့်ဆင့် တိုက်မှုဖြစ်ပွားခြင်းကြောင့် ၃၅ ဦးထက်မနည်းသေဆုံးပြီး ၅၃ ဦးဒဏ်ရာရရှိကြောင်း    နိုင်ငံပိုင် အာရမ်သတင်းစာတွင်    ဖော်ပြ ထားသည်။


ဘီဟီးရာ   ပြည်နယ်အနီး ကိုင်ရို-အလက်ဇန္ဒြိယားကန္တာရ လမ်းပေါ်  ၌ ခရီးသွားကားတစ်စီးမှ ဆီယိုစိမ့်မှု   ဖြစ်ပွားခြင်းကြောင့်  ယာဉ် အများအပြား အချင်းချင်း တိုက်မိခြင်းဖြစ်ကြောင်း    သိရ သည်။


ယာဉ်တိုက်မှု   ဖြစ်ပွားခြင်း ကြောင့်     ယာဉ်အများအပြား မီးလောင်မှု   ဖြစ်ပွားခဲ့ကြောင်း၊ သေဆုံးသူများနှင့်   ဒဏ်ရာရရှိသူ များကို အနီးနားမြို့များရှိ ဆေးရုံ များသို့ ပို့ဆောင်ခဲ့ကြောင်း သိရ သည်။


အီဂျစ်နိုင်ငံ၌ ယာဉ်ကိုအရှိန် လွန်မောင်းနှင်ခြင်း၊  လမ်းပြုပြင် ထိန်းသိမ်းမှု   အားနည်းခြင်းနှင့် လမ်းစည်းကမ်းဥပဒေ ပေါ့လျော့ ခြင်းတို့ကြောင့်     ယာဉ်မတော် တဆမှု     ဖြစ်ပွားခြင်းကြောင့် နှစ်စဉ်    လူပေါင်းထောင်နှင့်ချီ သေဆုံးလျက်ရှိကြောင်း    သိရ သည်။           

ဆင်ဟွာ